Professional Authors

အတိတ်ခ၇ီး…ငါသွားကြည့်တော့

ခင်မင်ဖူးတဲ့ သံယောဇဉ်ကြိုး
ရင်ခုန်ခဲ့တဲ့ အချစ်ကွန်ယက်တွေကြား
နောက်ဆုံးဖြစ်ပေါ်တဲ့ ဆုံမှတ်က
သူစိမ်းတွေဖြစ်ကြဖို့ နိဒါန်းစာပိုဒ်

နင်ပေးဖူးတဲ့ အချစ်
မဝေးတော့ဘူးဆိုခဲ့တဲ့ အပြောတွေ
အနှစ်ချူပ် ဇာတ်ထုတ်အဖြေက
အလိမ်အညာတွေဖြစ်သွားတဲ့ စာကိုယ်

စိမ်းကားတဲ့ အကြည့်
သုံးနှုန်းလိုက်တဲ့ နင့်အခေါ်အဝေါ်
သေချာအောင် အဖြေစစ်ကြည့်ချိန်
အသည်းကွဲပြန်တဲ့ ဇာတ်နိဂုံး…………

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

အားပေးပါတယ်…

commentinfo By: SoFarAwayFromU at Feb 11, 2012
Comment #2

mike de kwar,,
yae htar tar ka lone wa mike de,,
a yan daw tar pe,,
a se a sin kya p a yan phat loh kaung de.

commentinfo By: ei lay at Feb 11, 2012
Comment #3

သြော်…စာတစ်ပုဒ်လုံး…ဘာမှကိုးမကောင်းပါလား..လင်းရာ
အဲဒီတော့ အတိတ်ခရီးကိုမသွားတာအကောင်းဆုံးပဲ..လင်း

commentinfo By: poem.poem28 at Feb 11, 2012
Comment #4

ဟုတ်တယ်နော် ကိုရဲလေး… မသွားတာ အကောင်းဆုံးပဲ….

commentinfo By: linn at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment