Professional Authors

မင်းးးးးးးးးးးးးးးးးးးသိခဲ့သင့်တယ်

မင်းပစ်ခွင်းနိုင်မယ့်လေဟုန်

ဒီရင်အစုံမှာမရှိတော့ဘူး

ဒါပေမယ့်.  .  . .

မင်းပြုတ်မကျဖို့

ငါ

ကောက်တစ်မျှင်ဖြစ်ခွင့်ရခဲ့တာကျေနပ်တယ်

မင်းရှေ့မှာမှ

အလဲလဲကွဲပြဲခဲ့တဲ့ငါ့မာနတွေ

ဂရုစိုက်မခံရပေမယ့်

အဲ့ဒီအပြုံးနဲ့တင်ငါကျေနပ်တယ်

ပုစိန်ပေါက်ခံရတဲ့နှလုံးသားးးးးးးးးးးးးးကားတက်ကျိတ်ထားသလို

ငါ့ရင်ခုန်သံတွေတစ်စစီကြေမွနေပေမယ့်

သေဆုံးသွားတဲ့တစ်ခဏတိုင်းမှာ

အချစ်တွေမင်းဆီလာဖို့မွေးဖွားနေတယ်

နာကျင်သွားတဲ့တစ်ခဏတိုင်းမှာ

မင်းမသိလောက်တဲ့ဟန်ဆောင်ဂိတ်တွေ

ငါခိုးခိုးဖြတ်နေတယ်

ဒါပေမယ့်လည်း . .

ဒါပေမယ့်

မင်း  အရိပ်ခိုတုန်းကျောခိုင်းထားတယ်ဆိုပေမယ့်

အပင်ငိုနေတာကိုသိသင့်ပါတယ်

တမ်းတာကိုမသိပေမယ့်

လွမ်းတာတော့….မင်း..သိသင့်ပါတယ်

စူးနေတာမသိပေမယ့်

ရူးနေတာတော့…….မင်း…သိသင့်ပါတယ်

နောက်ဆုံးပြောမယ်

မင်းနင်းချေစုတ်ဖြဲခဲ့တဲ့

တစ်ခါက……………..

…………….နှလုံးသားတစ်ခု

မင်းမသိတော့ပေမယ့်

မသိချင်တော့ပေမယ့်

အဲ့ဒါက

မင်းအသက်ရှူသံကြားမှခုန်တတ်တယ်ဆိုတာ  မင်းသိ     ခဲ့    သင့်    တယ် ။  ။

                                                                                            RAY

8th February ,2012
18:00

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

hote pa,,ba wa tu tway pe,,
ti hmar le hote par bu,,x-ray ye
koh kou be tone ka a lae htar ke loh le?
ha,,ha,,right?
po p dot le ma htoo dot par bu kwar,
sate shot like p,,
thu pyaw yin p tar pe,,
koh myit tar tway,,a kyin nar tway,,a chit tway,,ti chin ti ma ti chin le nay par say dot,,
saunt ya tar a yan maw nay p,,

commentinfo By: ei lay at Feb 11, 2012
Comment #2

နောက်ဆုံးပြောမယ်

မင်းနင်းချေစုတ်ဖြဲခဲ့တဲ့

တစ်ခါက……………..

…………….နှလုံးသားတစ်ခု

မင်းမသိတော့ပေမယ့်

မသိချင်တော့ပေမယ့်

အဲ့ဒါက

မင်းအသက်ရှူသံကြားမှခုန်တတ်တယ်ဆိုတာ မင်းသိ ခဲ့ သင့် တယ် ။ ။
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2012
Comment #3

မောရင်ရေသောက်မအိလေးရေ 🙂
ကဗျာလေး ခံစားအားပေးသွားကြတဲ့ မအိလေး နဲ့ အစ်မတော်အသဲကွဲမိုး ကျေးဇူးပါဗျာ
နောင်လည်း ကျွန်တော့ကဗျာတွေထောင့်မကျိုးတာရှိရင် ဝေဖန်ပေးဗျ ။
With respect,
RAY

commentinfo By: X - ray at Feb 11, 2012
Comment #4

he,,he,,u r welcome,,

hint inn,,hote bu,,,a khu pyaung twar p dot,,
maw yin yae tout sa yar lo dot bu,,
saunt ya tar ma maw tat dot loh,.
kwi,kwi,,

commentinfo By: ei lay at Feb 11, 2012
Comment #5

အားပေးသွားပါတယ်ဗျာ
ဒီလိုကဗျာမျိုးလေးတွေကို များများရေးပေးပါဗျို့
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Feb 11, 2012
Comment #6

အဲဒါတော့..သိသင့်တယ်…
ကိုx-ray…

commentinfo By: poem.poem28 at Feb 11, 2012
Comment #7

ကဗျာလေး ဖတ်သွား အားပေးသွားတဲ့ ကိုရွှေကြယ်မိုး နဲ့ genius တို့ကိုကျေးဇူးအများကြီးတင်ပါတယ်
ကိုရွှေကြယ်မိုးရေ ဒီလိုကဗျာမျိုးလေးတွေများများရေးပေးစေချင်မှန်းသိရလို့ ကျေးဇူးအထူးတင်ပါတယ် ကျွန်တော်က ကာရန်ညီတဲ့ကဗျာတွေရေးလေ့ရေးထမရှိဘူးဗျ ကျွန်တော်ရေးတတ်တဲ့ကဗျာပုံစံလေးကို နှစ်သက်တဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ ။
With respect,
RAY

commentinfo By: X - ray at Feb 11, 2012
Comment #8

မင်းပစ်ခွင်းနိုင်မယ့်လေဟုန်

ဒီရင်အစုံမှာမရှိတော့ဘူး

ဒါပေမယ့်. . . .

မင်းပြုတ်မကျဖို့

ငါ

ကောက်တစ်မျှင်ဖြစ်ခွင့်ရခဲ့တာကျေနပ်တယ်

commentinfo By: zawthetoo at Feb 13, 2012
Comment #9

ကဗျာရဲ့ အစကနေ အဆုံးအထိခံစားမှုတွေအထပ်ထပ်မြင်ယောင်လိုက်မိပါရဲ့…….

commentinfo By: moehtetaung18 at Feb 14, 2012
Comment #10

ကဗျာလေး ခံစားအားပေးသွားကြတဲ့ ကိုအရိပ် နဲ့ ကိုမိုးထက်အောင်တို့ကိုကျေးဇူးအထူးတင်တယ်ဗျာ
ကျွန်တော်လေးစားရတဲ့ကလောင်ရှင်တွေ ကျွန်တော့ကဗျာကိုလာအားပေးမယ်လို့ထင်ကိုမထင်ထားဘူး
နောင် ကျွန်တော်ကဗျာတွေတင်ဖြစ်ခဲ့ရင်လည်း စိတ်ထဲရှိတဲ့အတိုင်းဝေဖန်ပေးကြပါ ။
With respect,
RAY

commentinfo By: X - ray at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment