Professional Authors

အချစ်=ဆဲလ်

ချစ်သူ

မင်းအချစ်က

ကိုယ့်ခန္ဓာကို

ထောက်ကန်ထားတဲ့

ဆဲလ်မှုန်လိုပဲ

သေးနုပ်ပေမင့်

အင်အားကြီးတယ်။

 

ဆဲလ်ဖြစ်တည်မှု

မရှိခဲ့ရင်

ခံစားချက်ပြည့်

ခန္ဓာတစ်စုံ

မဖြစ်နိုင်သလို

မင်းမရှိရင် ကိုယ့်ရပ်တည်မှု

ဆိတ်သုဉ်းသွားလိမ့်မယ်။

 

အချိန်တွေကြာ

ကာလတွေညောင်း

ကိုယ်ကိုယ်တိုင်

မသိလိုက်ချိန်မှာ….

 

ချစ်သူ

မင်းက အရောင်တွေပြောင်း

ဆဲလ်တွေလို့ 

ကိုယ့်ကိုလှိုက်စား

ဖျက်စီးရက်လေတဲ့

အမုန်း Tumor တွေနဲ့ 

ကင်ဆာ ဆဲလ်တွေ ဖြစ်နေပါပေါ့လား။

 

သူတကာတွေ

လှုပ်ကာဆော်သြ

ဒီအမုန်း Tumor

ဖယ်ကာဖျက်ထုတ်

အားပြင်းရောင်ခြည်သုံးဖို့ ရာ

ပြောကြသော်ငြား

မလုပ်ရက်နိုင်တယ်။

 

မင်းရဲ့အမုန်း

ရင်မှာပိုက်လို့ 

ကိုယ့်ဘဝ ကုန်ကာဆုံး

ဘဝပြောင်းမဲ့

နေ့ ရက်တွေကိုသာ

ချိုးကာရေတွက်

ကျန်ရစ်တော့မည် ချစ်ရသူရေ။


မေသူ 

(မနေ့ က ဘာဖြစ်တာလဲမသိ။ မေသူ့ အကောင့်ပျက်သွားတာ….ခု ကဗျာတွေ အစက အကုန်ပြန်တင်ရတယ်…)

 

In: ကဗျာ Posted By: Date: Aug 14, 2011
Comment #1

ဟုတ်တယ် မနေက တင်မက အရင်တနေ က ကဗျာတွေပါ ပျက်ကုန်တယ်ဗျာ
အားပေးသွားပါတယ်

Comment #2

ဟုတ်တယ် ကျွန်တော့် ကဗျာအသစ်တွေလျဲေက်ကုန်တယ်..။ အားပေးသွားပါတယ်ဗျာ….။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Aug 14, 2011
Comment #3

ကဗျာလေးဖတ်လို့ ကောင်းတယ်ဗျို့ အားပေးသွားတယ်ဗျာ။ မမေသူပြောတာဟုတ်တယ် မနေ့က ဘာဖြစ်တာလဲမသိဘူး ray မနေ့က ဒီ site ဝင်တာ ဆယ်ခေါက်ကျော်မယ်ထင်တယ် ဒါတောင်တော်တော်နဲ့ ဒီ site ထဲဝင်လို့မရဘူး site ထဲရောက်တော့လည်း တစ်ချို့ကဗျာတွေဖတ်လို့မရဘူး database error လို့ပြနေတယ် ကြည့်ရတာ connection နဲ့ပတ်သက်ပြီးနည်းနည်း problem ဖြစ်နေတယ်ထင်တယ် ။

commentinfo By: X - ray at Aug 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment