Professional Authors

ခေါင်းစည်းကြိုးကျွက်ကျကျန်ရစ်ခဲ့တဲ့ သစ်ပင်

ခရမ်းပြာတွေနဲ့နဖူးကလက်ဗွေရာလေးကို
ပိုက်တန်းလန်းတပ်ထားတဲ့
မနက်ခင်းတစ်ခုမှာပေါ့။

ဒါစက္ကူလေယာဉ်ပျံမဟုတ်မှန်း
ကျနော်သိတယ်
တူတူပုန်းတမ်းကစားနည်းမဟုတ်မှန်း
ကျနော်ဟာတွင်းအောင်းသတ္တဝါမဟုတ်မှန်း
တနင်္လာဟာဆီးချိုရောဂါမဟုတ်မှန်း
ကျနော်သိတယ်။

တောင်ပံဖြန့်ထားပြီးသားစက္ကူလေယာဉ်ထဲ
ဖြစ်တည်မှုတွေဘာလို့ထပ်မှုတ်ထည့်နေဦးမလဲ
စေလိုရာမှာ ပျော်သလိုပဲနေလိုက်ရုံပေါ့။

ဒါပေမဲ့စိတ်ချပါ…
ငါအလွမ်းကို မိတ္တူကျောကပ်မဆွဲဘူး
ကိုယ်တိုင်ကိုက ငြီးငွေ့ဖို့ ပျင်းရိနေတတ်တဲ့
နွေရာသီဆိုတော့
ကိုယ့်ကိုကိုယ်ပြန်လင်းလိုက်ရုံနဲ့လည်း ဖြစ်ပါတယ်။

လေယာဉ်ပန်ကာတွေ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းသလို
ငါတို့လည်း နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီပဲလွမ်းကြဦးစို့
မိုးကြွင်းတဲ့မြို့တော်မှာ
ငါလည်းခေါင်းစည်းကြိုးကျွတ်ကျကျန်ရစ်ခဲ့ဖူးလို့။

နေပိုင်
၂၀.၁၁.၂၀၁၁

In: ကဗျာ Posted By: Date: Nov 20, 2011
Comment #1

Great.

commentinfo By: X - ray at Nov 20, 2011
Comment #2

ငါအလွမ်းကို မိတ္တူကျောကပ်မဆွဲဘူး
ကိုယ်တိုင်ကိုက ငြီးငွေ့ဖို့ ပျင်းရိနေတတ်တဲ့
နွေရာသီဆိုတော့
ကိုယ့်ကိုကိုယ်ပြန်လင်းလိုက်ရုံနဲ့လည်း ဖြစ်ပါတယ်။
ဒုတိယ အကြိမ် အားပေးသွားပါတယ်

Comment #3

ဒါပေမဲ့စိတ်ချပါ…
ငါအလွမ်းကို မိတ္တူကျောကပ်မဆွဲဘူး
ကိုယ်တိုင်ကိုက ငြီးငွေ့ဖို့ ပျင်းရိနေတတ်တဲ့
နွေရာသီဆိုတော့
ကိုယ့်ကိုကိုယ်ပြန်လင်းလိုက်ရုံနဲ့လည်း ဖြစ်ပါတယ်။
…………
ကိုနေပိုင် ကဗျာလေး..ကြိုက်နှစ်သက်လို့အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Nov 21, 2011
Comment #4

တနင်္လာဟာဆီးချိုရောဂါမဟုတ်မှန်း
ကျနော်သိတယ်။

တောင်ပံဖြန့်ထားပြီးသားစက္ကူလေယာဉ်ထဲ
ဖြစ်တည်မှုတွေဘာလို့ထပ်မှုတ်ထည့်နေဦးမလဲ

commentinfo By: moehtetaung18 at Nov 21, 2011
Comment #5

တောင်ပံဖြန့်ထားပြီးသားစက္ကူလေယာဉ်ထဲ
ဖြစ်တည်မှုတွေဘာလို့ထပ်မှုတ်ထည့်နေဦးမလဲ
စေလိုရာမှာ ပျော်သလိုပဲနေလိုက်ရုံပေါ့။

commentinfo By: ဆည်းဆာ at Nov 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment