Professional Authors

ဓါးသွားတစ်ခုရဲ့ အတ္တုပတ္တိ

အရိပ် … ကောင်းကင်ပေါ်က အရိပ် … လေထုထဲက အရိပ် … သို့သော် “အရိပ်” မျှသာ …
မီးမထွန်းတဲ့ ငါ့နံရံပေါ်တောင် အရိပ်တချို့ ထင်ဟပ် … ရယ်မောခြင်းဖြစ်တည်မှုထက် အပြုံးက ခက်ခဲခဲ့တယ် …
ရေထဲမှာ အရုပ်ရေး …အရိပ်ထဲ အရောင်တွေ စွန်းထင်
ခေတ်ဟောင်းက ဒဿ ထက် .. ခေတ်သစ်မှာ ဒသမ က ပို ကျော်ကြားခဲ့ …
ပုလင်းအလွတ်တချို့ မွေးဖွားဖို့ ဖန်ခွက်အလွတ်တချို့ ပေါ်ပေါက်ရဲ့  …
“နေ”မဟုတ်ဘူး … ငါသိတယ် ..”လ” မဟုတ်ဘူး … ကကြိုး ကကွက်တချို့တော့ ဆန်းသစ်စွာ …
တညတာ ကြည့်ရှုခွင့်အတွက် တစ်ဘ၀စာ ရင်ခွင်တစ်ခု ရင်းရတဲ့ “ချစ်ခြင်းရဲ့ ပြဇာတ်”
လက်ပြသူတိုင်း နှုတ်ဆက်ခြင်း သင်္ကေတ … ဒါပေမယ့် နှုတ်ဆက်သူတိုင်း လက်မပြတတ်ဘူး ကဗျာ …
သွားသူသွား … လာသူလာ … ထားသူထား … ဒါပေမယ့် တချို့ .. တိတ်တိတ်ကလေး .. နာ …
အငွေ့ မထွက်ဘူး … အလင်းမတောက်ဘူး ကဗျာ …
ဒီရဲ့မီး … ဒီရဲ့ ဒါဏ်ရာ … ဘာနဲ့များငြိမ်းသက်ခွင့် …
သိမ်းမထားပေမယ့် ခုထိ ပိုးသယ်ဆဲ …  ဟိုး အထဲထိ နက်ခဲ့တယ်ထင်ရဲ့ ကဗျာ …
ငါ့လည်ထက် ချည်နှောင်ထား သံယောဇဉ်ကြိုးထက် ဘယ်အရာက ပိုခိုင်မြဲခဲ့ …
စားဦးစားဖျား မဟုတ် … ဓါးဦးဓါးဖျား တချို့ မက်မက်မောမောစားသုံးခဲ့တဲ့ ငါ့နှလုံးသားထက်
သေချာတယ်ကဗျာ … ငါနင့်ကို ပက်ပက်စက်စက် လွမ်းတယ် …
                              

  နင်ရယ် .. ငါရယ် .. တချိန်က ကဗျာရယ် ….
                                              ငါ … လွမ်းတယ် …
In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

hman like tar,,
tan yaw zin,,,,tan yaw zin,,
be lo phyat phyat lone wa ma pyat bu,,,

commentinfo By: ei lay at Feb 8, 2012
Comment #2

အားပေးသွားပါတယ်………

commentinfo By: May Kha at Feb 9, 2012
Comment #3

😉 …

commentinfo By: ငယ် at Feb 9, 2012
Comment #4

ခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment