Professional Authors

*၇သံစဉ်..မြို့နှင့်…ကြိုးညှိ ခြင်း

(၁)ကလာကာ တွေ အဖွင့်မှာ ပဲ
မြို့ဟာ
မပိုဝိုးတ၀ါးနဲ့
မနက်ကို……………ရွာချလိုက်တယ်

(၂)ပြတင်းပေါက်က လှမ်းကြည့်ရင်
လူဆိုတာ……..
အဲဒီ လို ….အသားတွေ အလွှာလိုက်၊အထပ်လိုက်
ဖုံးအုပ်ထားတဲ့..သံပတ်တွေလားမသိခင်မှာပဲ
ပရမ်းပတာ..ကဆုန်းဆိုင်းလာတဲ့…အင်ဂျင်တွေပေါ်မှာ
အသားတွေ….အတုံးလိုက်အတစ်လိုက်

(၃)မြို့ဟာ…ဘယ်ဥ နဲ့ စပ်ကျခဲ့လို့
ဒီလောက် အပ် ကြောင်းထပ်ပါလိမ့်
ဖွတ်ကြီးရင်မိကျောင်းဖြစ်တယ်တဲ့
ငါ့မျက်လုံးထဲမှာတော့
မြို့ဟာ…ရေကူးရမှာကြောက်နေတယ်

(၄)လစာမဲ့လုံခြုံရေးဝန်ထမ်း
အာမခံသော့ဂလောက်ကြီးတွေ…က
တစ်မြို့လုံး…..မီးခိုးတိတ်

(၅)သေသေချာချာပြန်စဉ်စားကြည့်တော့မှ
မြို့ဟာ နိုက်ကလပ်မယ်တစ်ဦးမှန်းသိလိုက်
ဒါနဲ့ပဲနိုက်ကလပ်ထဲရောက်သွား…

(၆)ကော်ဖီကသောက်လက်စ မို့
လိုက်ကြည့်ချိန်မရလိုက် ဘူး…
လူလေးခွေးမခန့်နဲ့
အကောင်မပေါက်သေးတဲ့…မြို့ဟာ ကျွန်တော့်ကိုထားခဲ့တာ
ကြာပြီ…..။ ။

(၇)……………………..
DEMON13

In: ကဗျာ Posted By: Date: Feb 6, 2012
Comment #1

အားပေးသွားပါတယ်.

commentinfo By: May Kha at Feb 6, 2012
Comment #2

တပုဒ်လုံးကို နှစ်သက်တယ်

commentinfo By: အသဲကွဲမိုး at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment