Professional Authors

အနိုင် ယူ သူ တို့ အရှုံး

လွှမ်းလှ ၍
နွမ်းလျှ လျှ..သာ ကျန် ပါ တော့ သည်..။

ချစ် ခြင်းဖြင့်သာ
တည် စေရာ ကြောင်း
ဆု တောင်း တို့ လည်း
ကွဲ ကြေ လွင့် ထွက်
ခြေ ဖျက် ခဲ့ ခြင်း

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

တလျှပ် လျှပ် ခုန်
တုန် ရီ သွေး ပွက်
ပျက် ပျက် ယွင်း ယွင်း
သေခြင်း နှင့် ရှုံး
ငါ့နှလုံး…

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

ဆုံး သတ် နှုတ် ဆက်
ပျော် လျက် ဖြင့် သာ
သာ သာ ရွှင် ပြုံး
သူ့မျက် လုံး  ကား….
ငါ့ အား နိုင် ယူ
လှူပစ် ခဲ့သော

ထို သော နေ့တွင်
ချစ် သူ.. မငိုပါ
ချစ် သူ .. မချို သာ…။   ။

In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

nice poem.

commentinfo By: ei lay at Aug 6, 2011
Comment #2

ကဗျာက ဖတ်ရတာတစ်မျိုးဘဲ ဆန်းတယ် ကျွန်တော့အတွက် ။ မှန်တယ်ဗျာ လောကမှာ အနိုင်ယူချင်စိတ်ရှိတဲ့သူဟာ နိုင်သွားတတ်ပေမယ့် အဲ့ဒါအမှန်တော့ ရှုံးသွားတာ စစ်မှန်တဲ့နိုင်ခြင်းကို အလျှော့ပေးလိုက်တဲ့သူ ခွင့်လွှတ်လိုက်တဲ့သူကဘဲ ပိုင်ဆိုင်သွားတာ ။

commentinfo By: X - ray at Aug 6, 2011
Comment #3

ကျေးဇူးတင် ပါ တယ်

commentinfo By: Demon 13 at Aug 6, 2011
Comment #4

ကဗျားလေးက လှတယ်

Comment #5

ဟုတ်တယ်ဗျ..ကဗျာကတစ်မျိုးပဲ
ကောင်းတယ်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 6, 2011
Comment #6

ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ

ဆုံး သတ် နှုတ် ဆက်
ပျော် လျက် ဖြင့် သာ
သာ သာ ရွှင် ပြုံး
သူ့မျက် လုံး ကား….
ငါ့ အား နိုင် ယူ
လှူပစ် ခဲ့သော
………………………….
နှစ်သက်….လျှက်…အားပေးသွားသည်

commentinfo By: အသဲကွဲမိုး at Aug 6, 2011
Comment #7

ကျေးဇူးတင် ပါ တယ် ..ခင် ဗျာ အာ လုံး ကို!!!

commentinfo By: Demon 13 at Aug 6, 2011
Comment #8

@_@
@_@
@_@

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment