Professional Authors

ပလေတိုးနစ် ချစ်ခြင်း သို့ မဟုတ် စွန့်လွတ်ခြင်း

မင်းအတွက်
မင်းဘဝ
မင်း သာလျှင် ဆိုတဲ့
ရေးခြစ်ထားခဲ့တဲ့
ငါရဲ့ နံရံ ပေါ် မှာ
ထာဝရ စွဲထင်နေမှာပါ
အချိန်တွေ နဲ့
ပြက္ခဒိန်တစ်ချို့ ကိုတောင်
လက်ချင်းယှက်လို့
ဖြတ်သန်းခဲ့ဘူးသေးတာပဲ
ငါတို့ နှစ်ယောက်ကြားမှာ
နာဂစ်လို မုန်တိုင်းတွေ မရှိသလို
စစ်ပွဲ အကြီးကြီးတွေ လည်း မရှိခဲ့တာပါ
နင်ကို ကိုးကွယ်
နင်ကို ယုံကြည်ခဲ့လို့
ငါနောက်ကိုလှည့်ခိုက်
ငါအရိပ်ကိုနင်း
စင်းထားခဲ့တဲ့
ငါလည်မျိုကို နင်…….
ရဲရဲ ကြီးဖြတ်ခဲ့တယ်နော်
ကောင်းကင်ကြီးပြိုမယ်လို့
ငါဘယ်တုန်းက မှ
မထင်ထားခဲ့တာ အမှန်ပါ
တစ်တီတူး မဟုတ်တော့
ငါကိုယ်ငါ မကာကွယ် မိခဲ့ဘူးလေ
အကာအကွယ်လွတ်နေတဲ့အသည်း
မျှော်လင့်ခြင်းကင်းမဲ့စွာနဲ့ပဲ
ကိုယ်ချစ်သူရဲ့
လှလှပပ
လှည့်စားခြင်းကို ခံခဲ့ရလေပြီ
နှစ်ပေါင်းများစွာ
ငါပေးဆပ်
ငါတမ်းတ ခဲ့တာတွေက
အိမ်မက်တွေ မဟုတ်သလို
တကယ်လည်းမဟုတ်ခဲ့ဘူး
အခုတော့ နင်က
ငါ့အရှေ့ မှာ
ငါ့ကို မိတ်ဆက်ပေးခဲ့တာ
နင့်ရဲ့ အချစ်ဆုံးတဲ့လေ
ရပါ တယ်
သံယောဇဉ် ကိုလစ်လျူရှုခဲ့တဲ့ နင်
ကံကောင်းပါစေ
နင်ချစ်က တဲ့ သူနဲ့ တစ်သက်လုံးလက်တွေတွဲလို့
ခိုင်မြဲ နိုင်ပါစေဟာ…………………..။

In: ကဗျာ Posted By: Date: Jan 27, 2011
Comment #1

oh………
how poor u r.
sorry to read ur poem.

commentinfo By: ei lay at Aug 9, 2011
Comment #2

မင်းအတွက်
မင်းဘဝ
မင်း သာလျှင် ဆိုတဲ့
ရေးခြစ်ထားခဲ့တဲ့
ငါရဲ့ နံရံ ပေါ် မှာ
ထာဝရ စွဲထင်နေမှာပါ

commentinfo By: apollo at Nov 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment