Professional Authors

တစ်နေရာတည်းသို့

တစ်နေရာတည်းသို့

သူတို့လက်ခံထားတဲ့အမှန်တရားတွေက
ငါခံစားမိတဲ့အမှန်တရားနဲ့ဝေးတဲ့အခါ
ငါပြောသမျှဟာသူတို့နားထဲမှာခါးလို့
ငါ့ကိုဂွကျတဲ့လူဆိုတဲ့ခေါင်းစဉ်တပ်တယ်…

သူတို့ဟာအပေါ်ယံအရေခွံကိုပဲသုံးလေ့သုံးထရှိပြီး
ငါကသွေးကြောတွေထဲကစကားကိုပဲကြားယောင်တတ်တဲ့အခါ
ငါ့အပြုအမူမှန်သမျှဟာသူတို့မျက်စိထဲမှာကန့်လန့်ဖြစ်လို့
ငါ့ကိုလူတောမတိုးတဲ့သူဆိုတဲ့နာမည်ပေးခဲ့တယ်…

သူတို့ငါ့မျက်ရည်တွေကိုနားလည်မပေးပဲ
ငါ့ဒဏ်ရာတွေကိုတန်ဖိုးဖြတ်တဲ့အခါ
ငါ့ရင်ခုန်သံတွေဟာသူတို့အတွက်ရိုင်းစိုင်းလွန်းနေလို့
ငါ့ကိုတိရိစ္ဆာန်တစ်ကောင်အဖြစ်နဲ့ထားခဲ့ကြတယ်…

အားလုံးကို အားလုံးအတွက် ကျေးဇူးပဲ..။…။

မြေနံ့
၇.၈.၂၀၁၀

[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

poem 1 khu lone ko like par tal…

commentinfo By: CherryKoKo at Feb 5, 2012
Comment #2

သူတို့ဟာအပေါ်ယံအရေခွံကိုပဲသုံးလေ့သုံးထရှိပြီး
ငါကသွေးကြောတွေထဲကစကားကိုပဲကြားယောင်တတ်တဲ့အခါ
ငါ့အပြုအမူမှန်သမျှဟာသူတို့မျက်စိထဲမှာကန့်လန့်ဖြစ်လို့
ငါ့ကိုလူတောမတိုးတဲ့သူဆိုတဲ့နာမည်ပေးခဲ့တယ်…

commentinfo By: May Kha at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment