မီးခိုးရောင်ဟာသ
မီးခိုးရောင်ဟာသ
နင့်အကြောင်းပဲ ခေါင်းထဲရောက်နေလို့ ငါအိပ်ချင်လာတယ်
မျက်လုံးတွေမကြည်လင်တော့ဘူး ခေါင်းတွေကိုက်လာတယ်
ခဏခဏ သမ်းမိတော့ မျက်ရည်တွေပဲကျလာတယ်
ကျန်တာအကုန်လုံးမေ့လိုက်ချင်မိတယ်…
နင့်အကြောင်းပဲ ခေါင်းထဲရောက်နေလို့ ငါမောလာတယ်
တလွဲတွေပဲဖြစ်နေတယ် စကားလည်းမပြောချင်တော့ဘူး
ရယ်လိုက်ဖို့လည်း အဆင်မပြေတော့ ငုတ်တုတ်ပဲကြောင်နေမိတယ်
ဘာမှစိတ်ဝင်စားလို့မရတော့ဘူး…
နင့်အကြောင်းပဲ ခေါင်းထဲရောက်နေမိလို့ ငါကဗျာရေးလိုက်တယ်
သက်ပြင်းဘယ်နှစ်ခါမြောက်မှန်းမသိ ချမိတယ် ပြုံးလည်းပြုံးမိတယ်
ရူးသွပ်ပုံကထူးဆန်းတယ် သေဆုံးဖို့နီးလာတယ်
ဒါပြောစရာမရတာပဲ…။…။
၂၇.၂.၂၀၁၁
မြေနံ့
[email protected]
www.sofarawayfromyou88.blogspot.com
Comment #2
tu tu be,,
he,,he,,
but i can’t sleep anymore,,
ei lay a twat ka dot har ta hote bu,,yin twin phyit,,
By: ei lay at Feb 19, 2012
Comment #3
ကေါင်းတယ်……..ကြိုက်တယ်…
By: ကဗျာချစ်သူ at Feb 19, 2012
Comment #4
ကဗျာနောက်ဆုံးအပိုဒ်လေး ဖတ်တဲ့အချိန်နည်းနည်းပြုံးမိတယ်ဗျ တစ်မျိုးလေးမို့ပါ ရေးသားထားပုံက။
By: X - ray at Feb 20, 2012
Comment #5
ရေးသားထားပုံအမြင်တစ်မျိုးလေးပဲဗျ…
By: poem.poem28 at Feb 20, 2012
Comment #8
တစ်ပုဒ်လုံးကောင်းတယ်ဗျာ
By: Village chat kyi at Feb 20, 2012
Comment #10
ခါတိုင်း ကိုမြေနံ့မဟုတ်သလိုပဲ
By: မိုးသစ်လေပြည် at Feb 20, 2012
Comment #13
Feel again.
Never change the feeling as I read first.
🙂
For me,,,
If feel meaningless,,sing the songs & do more works.
By: ei lay at Jan 2, 2013




Comment #1
နင့်အကြောင်းပဲ ခေါင်းထဲရောက်နေမိလို့ ငါကဗျာရေးလိုက်တယ်
သက်ပြင်းဘယ်နှစ်ခါမြောက်မှန်းမသိ ချမိတယ် ပြုံးလည်းပြုံးမိတယ်
ရူးသွပ်ပုံကထူးဆန်းတယ် သေဆုံးဖို့နီးလာတယ်
ဒါပြောစရာမရတာပဲ…။…။