Professional Authors

ချစ်သူမသိခဲ့တဲ့ ကျွန်တော့်အကြောင်း (မိုးထက်အောင်)

ချစ်သူမသိခဲ့တဲ့ ကျွန်တော့်အကြောင်း

 

 

 

အလင်းနစ်ပေါင်းများစွာကနေ ရောက်လာခဲ့မိပါရဲ့

 

လွင့်နေတဲ့စိတ်တွေကတောင် ဘ၀ကိုလှောင်ပြောင်သွားကြတယ်

 

ကြယ်တွေခင်းတဲ့တလင်းပြင်မှာ ခြေဆင်းထိုင်ငေးမော

 

တိမ်တွေဖွက်ထားတဲ့ ကောင်းကင်ကြီးကိုပဲ ရည်စူးပြီးတိုင်တည်မယ်

 

ဒီလူနဲ့  ဒီရင်ဘတ် အိုအောင်မင်းအောင် လွမ်းရပါစေသား

 

အာရုဏ်တက် ငှက်ကျေးတို့ ရဲ့တေးသွားမှာ စည်းနဲ့ ဝါးက အချက်ကျကျ

 

အဝေးကသစ်အိုပင်ကြီးကိုပဲ မွတ်သိပ်စွာတမ်းတနေမိတယ်

 

ကဲ………..ကြာ….ပါ…..တယ်….ဗျာ……..

 

ခင်ဗျားထင်တဲ့အတိုင်း ကျွန်တော်မလွမ်းကြောင်း ကြေငြာလိုက်ပါတယ်

 

ပြုံးစေ……ပျော်စေ……၀မ်းမြောက်စေ……………………………………။

 

 

                                                        မိုးထက်အောင်

In: ကဗျာ Posted By: Date: Nov 19, 2011
Comment #1

ချစ်သူမသိခဲ့တဲ့ ကျွန်တော့်အကြောင်း

အလင်းနစ်ပေါင်းများစွာကနေ ရောက်လာခဲ့မိပါရဲ့ 

လွင့်နေတဲ့စိတ်တွေကတောင် ဘ၀ကိုလှောင်ပြောင်သွားကြတယ်

ကြယ်တွေခင်းတဲ့တလင်းပြင်မှာ ခြေဆင်းထိုင်ငေးမော

တိမ်တွေဖွက်ထားတဲ့ ကောင်းကင်ကြီးကိုပဲ ရည်စူးပြီးတိုင်တည်မယ်

ဒီလူနဲ့  ဒီရင်ဘတ် အိုအောင်မင်းအောင် လွမ်းရပါစေသား

အာရုဏ်တက် ငှက်ကျေးတို့ ရဲ့တေးသွားမှာ စည်းနဲ့ ဝါးက အချက်ကျကျ

အဝေးကသစ်အိုပင်ကြီးကိုပဲ မွတ်သိပ်စွာတမ်းတနေမိတယ်

ကဲ………..ကြာ….ပါ…..တယ်….ဗျာ……..

ခင်ဗျားထင်တဲ့အတိုင်း ကျွန်တော်မလွမ်းကြောင်း ကြေငြာလိုက်ပါတယ်

ပြုံးစေ……ပျော်စေ……၀မ်းမြောက်စေ……………………………………။

commentinfo By: Natthamee at Nov 19, 2011
Comment #2

ကျေးဇူးတင်ပါတယ်ဗျ…..

commentinfo By: moehtetaung18 at Nov 19, 2011
Comment #3

အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 19, 2011
Comment #4

ဒီလူနဲ့ ဒီရင်ဘတ် အိုအောင်မင်းအောင် လွမ်းရပါစေသား
စကားလုံးတွေက ထိမိတယ် ပြတ်သားတယ်
ကဗျာကလည်း လိုရင်းတိုရှင်း တကယ်ကိုမိုက်တယ်ဗျာ
အားပေးသွားပါကြောင်း ~~

commentinfo By: X - ray at Nov 19, 2011
Comment #5

အားပေးနေပါတယ်

commentinfo By: Village chat kyi at Nov 19, 2011
Comment #6

စာကြောင်းတစ်ကြောင်းတိုင်းတစ်ကြောင်းတိုင်းရဲ့စကားလုံးတိုင်းကိုကြိုက်တယ်..
အားပေးသွားပါတယ်…

commentinfo By: ဆည်းဆာ at Nov 20, 2011
Comment #7

dar so lwan de pop ,,hote kar?

commentinfo By: ei lay at Nov 21, 2011
Comment #8

အားပေးသွားတယ်ဗျာ… ပြီးတော့ လွမ်းနေကြောင်းကို ချစ်သူသိပြီး …. အလွမ်းများ ငြိမ်း …. အနမ်းများ .. ကိန်းအောင်းပါစေဗျာ …. အိုအောင်မင်းအောင်လွမ်း ဘ၀ကနေ …. အိုအောင်မင်းအောင် ချစ်ရပါစေ …
ဆုတောင်းပေးပါတယ် …..

commentinfo By: ယောနသံ at Nov 21, 2011
Comment #9

ကဗျာလေးကို အရမ်းကြိုက်နှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Nov 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment