Professional Authors

ဆုတောင်း….

နေ့တစ်နေ့ရဲ့ အစ
ချစ်သူ၏ သတိရခြင်းများစွာ ပိုင်ဆိုင်ခွင့်ရှိပါစေ….။

ခံစားမှုတွေ ထပ်တူကျပြီး
ချစ်သူရဲ့  နှလုံးသားထဲ အရင်ကလိုပဲ ငါရှိခွင့်ရပါစေ….။

အိပ်မက်တစ်စုံရဲ့ လက်တွေ့
ရက်စွဲတွေထဲရောက်ခဲ့ရင်
ချစ်သူရဲ့ရင်ခုန်သံတွေ ငါ့အတွက် အမြဲတမ်းဖြစ်ပါစေ…..။

ငါ့လက်ကိုဆွဲ
ပျော်ရွှင်ခြင်းဆိုတဲ့ အချိန်တွေထိ အရောက်ခေါ်
ချစ်သူ၏လက်တစ်စုံ ဖြစ်ပါစေ….။

အနာဂတ်တစ်ခုကို လိုသလို ပုံသွင်း
မျှော်လင့်ချက်တိုင်း ဦးဆောင်နိုင်မယ့်သူ
ချစ်သူသည်သာ ကိုးကွယ်ရာ ဖြစ်ပါစေ….။     ။

ငါ့ရဲ့ ကမ္ဘာငယ်လှပ
အလွမ်းဆိုသောအရာ ပယ်ပျောက်သွားခဲ့ရင်
ချစ်သူရဲ့ဘေး ပါရမီ ဖြည့်ပေးရင်း
ငါဆိုသော မိန်းမ လူဖြစ်ရသော ဘ၀ တစ်ခုအား ကျေနပ်နေပါရစေ……။      ။

In: ကဗျာ Posted By: Date: May 1, 2011
Comment #1

အရမ်းမိုက်တယ်

commentinfo By: စုနိုင် at May 2, 2011
Comment #2

အရမ်းကိုကြိုက်တယ်……..မိုက်တယ်မမရာ…မမ ကဗျာလေးတိုင်းဖြစ်ပါစေနော်

commentinfo By: thirivampire at May 2, 2011
Comment #3

ကျေးဇူးနော် ဆုတောင်းပေးတဲ့အတွက်ရော….
ကဗျာတွေဖတ်ပေးတဲ့အတွက်ပါ
တကယ်ကျေးဇူးပါ……..

commentinfo By: ကေသရီ at May 2, 2011
Comment #4

မကေ…. ကောင်းလိုက်တာ ဆုတောင်းတာတွေပြည့်ပါစေ…

commentinfo By: genius.jinx28 at May 2, 2011
Comment #5

ရဲမင်း ပြောတဲ့အတိုင်း ဖြစ်ပါစေဟာ…..။ ။

commentinfo By: ကေသရီ at May 3, 2011
Comment #6

လိုအပ်တာမှန်သမျှ ပြီးပြည့်စုံပါစေ

commentinfo By: ဖိုးနမ်း at May 3, 2011
Comment #7

အမ ကဗျာတွေဖတ်ဖြစ်တယ်
အရမ်းကောင်းပါတယ်
ခံစားချက်မှန်ရင် ဖတ်တဲ့သူရဲ့ရင်ထဲကို
တိုက်ရိုက်ရောက်ပါတယ်
အားပေးနေပါတယ်ဗျာ…

commentinfo By: လွမ်းနောင် at May 5, 2011
Comment #8

su taung tal luu ka su taung
are pay tal luu ka lal are pay
hote nay tar pal naw

aldi lu lal ma lay ko thait p are ma pay kya nal naw 🙂

commentinfo By: aung kaungthant at May 9, 2011
Comment #9

သြော်…..တယ်လည်း ခက်ပါလားနော်
ကဗျာလေးက ကောင်းလို့ အားပေးတဲ့ သူတွေက အားပေးတာကို
အားမပေးဖို့ ပြောတဲ့လူကရှိသေး…..
ဘာလဲ မနာလို ဖြစ်နေတာလား…..?

commentinfo By: ကေသရီ at May 9, 2011
Comment #10

hah hah hah hah
ma phyit par boo byar
ma phyit par boo

commentinfo By: aung kaungthant at May 15, 2011
Comment #11

ငါ့လက်ကိုဆွဲ
ပျော်ရွှင်ခြင်းဆိုတဲ့ အချိန်တွေထိ အရောက်ခေါ်
ချစ်သူ၏လက်တစ်စုံ ဖြစ်ပါစေ….။….
I want to be someone …….

commentinfo By: minmyat at May 16, 2011
Comment #12

ah yan kg tel,dar pay me’ york kyar tway ka d lo ah chit ne’ matan par bu.

commentinfo By: nomi at May 17, 2011
Comment #13

good ပဲ … မကေသရီ

commentinfo By: chityellusoelay at Aug 17, 2011
Comment #14

မကေသရီရဲ့ ဆုတောင်း ၆ ခု အမြန်ပြည့်ပါစေဗျာ
ကဗျာလေး ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Feb 9, 2012
Comment #15

မမ ကောင်းပါတယ်……. ကဗျာကိုပြောတာနော်

commentinfo By: khaysat at Feb 18, 2012
Comment #16

wow,,,
excellent,,
i wish i could,
thz so much,,ma kay

commentinfo By: ei lay at May 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment