Professional Authors

အပြုံးတစ်ချက်နောက်ကွယ်

အပြုံးတစ်ချက်နောက်ကွယ်

အပြုံးတစ်ချက်နဲ့
ကျောခိုင်းခဲ့ကြတဲ့
ချစ်သူတွေ

အပြုံးတစ်ချက်နဲ့
လက်တွဲဖြုတ်ခဲ့ကြတဲ့
မိတ်ဆွေတွေ…..

အပြုံးတစ်ချက်နဲ့
နောက်ကျောကိုဓါးနဲ့ထိုး
ဆုံးရှုံးခဲ့ရတဲ့
သိက္ခာတရားတွေ……

အပြုံးတစ်ပွင့်နဲ့
အကြွေးမှတ်ခံလိုက်ရတဲ့
ရန်ငြိုးတွေ

အပြုံးတစ်ချက်နဲ့
လက်သပမွေးခံလိုက်၇တဲ့
အမုန်းတရားတွေ

အဲ့ဒီ…..
အပြုံးရဲ့နောက်ကွယ်က
အထင်သေးကဲ့ရဲ့မှုတွေ

သြော်………

ကောင်မလေးရယ်
မင်းလည်း ငါ့ကိုပြုံးပြဖူးတယ်နော်
အဲ့ဒီအပြုံးရဲ့နောက်ကွယ်
ငါ့အတွက်…………

ဒီတူးဆစ် (တောင်ငူ)

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

wow,,,
latest style?
so colourful?????like ur love?

commentinfo By: ei lay at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment