Professional Authors

သူနဲ့နံရံ

သူနဲ့နံရံ

မျက်လုံးတွေဖွင့်လိုက်တိုင်းမြင်နေရတာနံရံပဲ
သူအရှေ့ကြည့်တယ် ပြီးတော့လက်ဝဲဘက်ကိုကြည့်တယ်
ပြီးတော့အနောက် ပြီးတော့လက်ယာဘက်…

လူတစ်ယောက် ဒီမြင်ကွင်းတွေနဲ့သာလူတစ်ယောက်
ကိုယ်ကျိုးကနည်းနည်း အများအတွက်ပိုလွန်းတဲ့လူတစ်ယောက်
အခုတော့သံကြိုးတွေနဲ့အချုပ်အနှောင်ခံလို့…

သူမှားခဲ့တာဘာများပါလိမ့် သူ့အပေါ်စွဲချက်တွေက
သူ့ရဲ့ဖြေရှင်းချက်တွေကိုပိတ်လို့
သူ့ရဲ့ယုံကြည်ချက်တွေကို အကျဉ်းချခဲ့တယ်…

အရူးလို့အပြောခံ လူမိုက်လို့အပြောခံ ဒါပေမယ့်
အနာဂါတ်ကိုသာ သူမျှော်ကြည့်လို့
သူဟာဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး…

မျက်လုံးတွေဖွင့်လိုက်တိုင်း မြင်နေရတာနံရံပဲ
ဒါပေမယ့်သူဘယ်တော့မှအရှုံးမပေးဘူး…။…။

(ယုံကြည်ချက်ဖြင့် အကျဉ်း/အရူး/အိမ်/ခြင် ထောင် အစရှိသဖြင့် ရောက်နေသူများကို ရည်ရွယ်လိုခြင်း)

မြေနံ့
၁၀.၁၂.၂၀၁၁
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

သူမှားခဲ့တာဘာများပါလိမ့် သူ့အပေါ်စွဲချက်တွေက
သူ့ရဲ့ဖြေရှင်းချက်တွေကိုပိတ်လို့
သူ့ရဲ့ယုံကြည်ချက်တွေကို အကျဉ်းချခဲ့တယ်…

commentinfo By: kantkawmg at Feb 2, 2012
Comment #2

လူတစ်ယောက် ဒီမြင်ကွင်းတွေနဲ့သာလူတစ်ယောက်
ကိုယ်ကျိုးကနည်းနည်း အများအတွက်ပိုလွန်းတဲ့လူတစ်ယောက်
အခုတော့သံကြိုးတွေနဲ့အချုပ်အနှောင်ခံလို့…

commentinfo By: May Kha at Feb 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment