Professional Authors

နံရံကြားကတေးသွား

အသာအယာတွေးကြည့်လိုက်တော့ ငါတို့လိုက်တဲ့ရွှေသမင်
ဟိုလမ်းဝင်ဒီလမ်းထွက် ဒီအကွက်တွေကရိုးလွန်းလှပါတယ်
အသစ်အဆန်းဆိုတာ အချစ်ခန်းတွေပါပါမှဆိုရင်
ငါတို့ဒီလမ်းကိုဝေးလိုက်ကြပါမယ်
လွင့်လိုရာသို့လွင့်မျော ကမ်းနဲ့ဝေးတဲ့တိမ်တွေလိုမျောနေခဲ့ပေါ့
ဆင်သွားရင်လမ်းဖြစ်တတ်ပါတယ်
ခင်ဗျားသွားရင်ကော ဘာဖြစ်မယ်ထင်ပါသလဲ
ဘာပဲဖြစ်ဖြစ်အထာနဲ့ချစ်ဖို့တော့ကောင်းပါတယ်
အလွှာအထပ်ထပ်နဲ့ပန်းလို တစ်လွှာခြင်း တစ်လွှာခြင်းပေါ့
ခဏခြင်းတော့ဘယ်ဖြစ်နိုင်မလဲလေ
တစ်ခဏအတွင်းမှာပွင့်သွားတဲ့လမ်းဆိုတာ
ရေရှည်မှာတိုရည်ရှားရည်ရယ်ပါ
ဒါကိုခင်ဗျားသိပါတယ်
ညစ်ကျယ်ကျယ်အတွေးတွေနဲ့
လစ်နေရင်ဖယ်လိုက်ပါဗျာ
ရင်ထဲမှာရှင်းသွားအောင် စဥ့်ကူးအဆောင်နံရံအကြား
ကံကူလက်လှည့်များရဲ့ စေညွှန်းတေးသွားကို
ဘယ်သူမှမကြားအောင်
တိုးတိုးလေးရွက်ဆိုကြပါစို့
ညီညီညာညာလေးပေါ့ဗျာ ။             ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 1, 2013
Comment #1

wow,,
mike de

commentinfo By: ei lay at Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment