Professional Authors

စိတ်တို့၏ နံရံ

နင်မပြောဘဲထားခဲ့

မသိတာ ငါ့အပြစ်တဲ့။

နင်မခေါ်ဘဲလာခဲ့

နင့်အတွက်ငါကမလိုဘူးဘဲ။

ကျောခိုင်းလှည့်အထွက်

ငါ့မျက်ရည်စက်

နင်မမြင်ဘူးထင်ပါရဲ့။

နံရံတစ်ဖက်စီ ရပ်နေခဲ့

နင်နဲ့ငါ

ကာဆီးထားတဲ့အမှောင်ထု

နင့်ကိုလည်းငါမမြင်

ငါ့ကိုလည်းနင်မမြင်

ဝေးနေခဲ့ငါတို့စိတ်တွေ။

သင့်ချစ်သူ

In: ကဗျာ Posted By: Date: Apr 28, 2011
Comment #1

nice poem

commentinfo By: ei lay at Feb 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment