Professional Authors

အချစ်ထဲက တစ်ဖက်သတ်အချစ်

လူတစ်ယောက်ကို
တစ်ဖက်သတ်ချစ်ရတာ
မလွယ်ပါနော်
ကိုယ်ကြင်သလိုသူမကြင်ဘူး
ငါချစ်တတ်သလို
သူချစ်တတ်တယ်
ငါ့အတွက်မဟုတ်တဲ့ ခံစားချက်နဲ့
နေစဉ်နဲ့ အမျှ
ငါရှေ့ဆက်နေရတယ်။

ငါ့ရင်ထဲက အချစ်တွေရယ်
မင်းအတွက်တော့ သုညဘဲ
မင်းရင်ထဲက အချစ်တွေရယ်
ငါ့အတွက်တော့
အရေးကြီးတယ်
သိပ်မြတ်နိုးတယ်
တစ်သက်စာအတွက်ထာဝရပါ။

တစ်ဖက်သတ်အချစ်ဟာ
အလေးချိန်မညီတဲ့
အထမ်းတစ်ခုလိုဘဲ
ပင်ပန်းလွန်းတယ်
ခက်ခဲလွန်းတယ်
ခံစားချက်က နက်ရှိုင်းလွန်းပါတယ်။

တကယ်တော့ အချစ်ဆိုတာ
အချစ်ပါဘဲ
ဘယ်အရာတွေနဲ့
ဘယ်လိုခံစားမှ
ဘယ်လိုပေးဆပ်မှ
ဘယ်လို ရယူမှ
အချစ်မဟုတ်ပါဘူး
အီကြာကွေးလိုပေါ့
နှစ်ချောင်းပူးပြီးကြော်မှာ
အီကြာကွေးမဟုတ်ပါဘူး
တစ်ချောင်းတည်းကြော်ထားလည်း
အီကြာကွေးပါဘဲ
ဒီလိုဘဲ
သူနဲ့ကိုယ်နဲ့ချစ်မှ
အချစ်မဟုတ်ပါဘူး
တစ်ယောက်တည်းချစ်နေရတဲ့
တစ်ဖက်သတ်အချစ်ဟာလည်း
အချစ်ထဲက အချစ်တစ်ခုပါဘဲ။

In: ကဗျာ Posted By: Date: Dec 17, 2010
Comment #1

အိမ်း … မှန်ပေစွ…. ကောင်းပါတယ်ဗျာ…အားပေးသွားတယ်နော်

Comment #2

အလွမ်းကို ဖန်တီးဖို့
လူတိုင်းလူတိုင်းက သင်ကြားနေကြတယ်
အချိန်တိုင်းလည်း ပြန်နွေးနေကြတယ်
လူပေါင်းများစွာကလည်း အလွမ်းတွေနှင့်
ကျင်လည်နေကြတာ နေ့တိုင်းပါပဲ…
ဟုတ်တယ်ပေါ့ ဗျာ… တစ်ချောင်းတည်းကြော်လည်း စားလို့၇တာပဲ မဟုတ်လား ။
ကောင်းတယ် အမှန်ကောင်းပါတယ်

commentinfo By: genius.jinx28 at Dec 17, 2010
Comment #3

တပုဒ်လုံးကိုကြိုက်တယ်

commentinfo By: 92icon at Dec 17, 2010
Comment #4

အီကြာကွေးလိုပေါ့
နှစ်ချောင်းပူးပြီးကြော်မှာ
အီကြာကွေးမဟုတ်ပါဘူး
တစ်ချောင်းတည်းကြော်ထားလည်း
အီကြာကွေးပါဘဲ [ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောသွားတာပဲ}…. 😀

commentinfo By: ရွှေငါး at Dec 18, 2010
Comment #5

ဒီကဗျာလေးက တို့နဲ့ ခံစားချက်ချင်းတိုက်ဆိုင်သွားပြီ…….. ဘယ်တော့များမှ တူနှစ်ကိုယ်ချစ်သူဖြစ်မှာလဲနော်………

commentinfo By: chanmyae at Sep 1, 2011
Comment #6

har,,,
mike de kwar.
hote tar pe naw.
he,,he,,
ta bat tat chit ya tar le pin pan de.
hnat phat dot chit nay par de,,but,,ko ka thu ko po p chit nay ya tar le pin pan tar pe.
tu tu be,,,
chit mi hma dot a shone tway g be,
hint,,,

commentinfo By: ei lay at Sep 1, 2011
Comment #7

လာရောက်အားပေးသွားတဲ့ မချမ်းမြေ့နဲ့ အိလေးတို့ ကျေးဇူးပါ။

Comment #8

read again par

commentinfo By: ei lay at Jan 10, 2012
Comment #9

nout 1 khout arr pay par d,

commentinfo By: ei lay at May 6, 2012
Comment #10

တကယ်ချစ်တာဆိုရင် ပင်ပန်းတယ်လို့ မတွေးပါနဲ့

commentinfo By: yetwaynaung at May 6, 2012
Comment #11

ကဗျာက စကားလုံးတွေကလန်ပြန်ထွက်နေတာဘဲဗျာ
တစ်ဖက်သတ်အချစ်ကို အီကြာကွေးကြော်တာနဲ့တောင်နှိုင်းသွားသေးတယ် တော်တော်လည်းတွေးနိုင်တဲ့လူဘဲဗျာ ။

With respect,
RAY

commentinfo By: X - ray at Dec 19, 2012
Comment #12

တစ်ဖက်သတ်အချစ်ဟာ ဆိုးပါသည် အသက်မကချစ်တာ ခက်လှသည်

commentinfo By: pinky at Apr 27, 2013
Comment #13

ခံစားချက်နဲ့ တိုက်ဆိုင်လိုက်တာ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုချစ်ရဲ့လားေ တာင်မသိဘူး

commentinfo By: sym at Oct 28, 2013
Comment #14

အရမ်းတိုက်စိုင်ပါတယ်

commentinfo By: ei lay at Oct 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment