Professional Authors

ကမ္ဘာဦးရဲ့ အလင်းသစ်ပင်

ချစ်ခြင်းဖြင့်ထုံမွန်း ဖွဲ့သီသော နှင်းစက်တို့အကြား ..

မောဟများဖြင့်တွေဝေခြင်းကင်းကြကုန်လော့ ..

ဘ၀၏စောင်းကြိုးတင်းကြကုန်လော့ ..

အို .. ငါ၏ လာခြင်းကောင်းသောအရှင်မ ..

လောကဓံတရား၏ ရိုက်ပုတ်မှုဒဏ်မှ ကျော်လွန်သောအခါ ..

လမ်းတို့သည် ပန်းတို့ဖြင့်ပြန့်ကျဲခြင်းရှိစေကုန် ..

အနမ်းတို့သည် ရမ်းဆမျှော်မှန်းခြင်းမှဝေးစေကုန် ..

ရင်၌ဖြစ်သောပန်းတို့ အားလည်း ..ရင်၌မငြိုးနွမ်းစေလင့် ..

ကြယ်တာရာများအကြား မောပန်းခြင်းလည်းမရှိစေလင့် ..

တိမ်စိုင်မြူခိုးတို့အကြားလည်း ရစ်မူးခြင်းကင်းစေလင့် ..

အချိုကဲသော အရာသည် အခါးသက်လျှင် ..

အခါးကဲ သော ငါတို့၏နေ့တို့ သည်လည်း ..

အချိုစွက်ခြင်းမရှိသင့်ပါသလော ..

အရှင်မ .. ပျံသန်းခြင်း၌ မောပန်းသောအခါ

ငါ၏ရင်၌ အိပ်စက်ကာ အားသစ်ယူလော့ ..

အလွမ်းတို့အားလည်း ငါ၏ လက်ရုံးများ ကြားဖြေလျော့စေနိုင်ကုန် ..

ငါ၏ တီးတိုးသီချင်းသံများကြား ပူပန်မှုများဖြေလျော့ပါလော့ ..

ဘ၀၏သီချင်းအား ငါတီးခတ်ချိန်တွင်

သင့်အပြုံးစက်တို့ဖြင့် ငါ၏စောင်းကြိုးတို့အား တင်းပါလော့ ..

သင်၏ မျက်ဝန်းများဖြင့် ငါ၏ ရင်အစုံအား အလင်းပွင့်စေလော့..

သင်၏ အနမ်းများဖြင့် ငါ၏ချပ်ဝတ်တို့အား ပြောင်လက်စေပါကုန် ..

သင်၏ ချစ်ခြင်းမွန်းသော လက်အစုံဖြင့် ငါ၏ဓါးအား ထက်မြိစေပါလော့ ..

သင်နှင့်သင့်ဥယျာဉ်တော် အတွက် ငါ၏အသက်နှင့်ခန္ဖာအား ကျိုးနွံပါ၏ ..

အို .. ငါ၏ အလင်းသစ်ပင်ဖြစ်သော .. အရှင်မ .. ကြားစေသားးး။

In: ကဗျာ Posted By: Date: Jan 30, 2012
Comment #1

လူကြီး .. လူကြီးးး ဦးလူကြီးရေ .. အားပေးသွားတယ်ဗျို့
အစစအရာရာအဆင်ပြေတယ်ဟုတ် .. 🙂

commentinfo By: ရွှေငါး at Jan 30, 2012
Comment #2

အရှင်မ .. ပျံသန်းခြင်း၌ မောပန်းသောအခါ
ငါ၏ရင်၌ အိပ်စက်ကာ အားသစ်ယူလော့ ..
အလွမ်းတို့အားလည်း ငါ၏ လက်ရုံးများ ကြားဖြေလျော့စေနိုင်ကုန် ..
ငါ၏ တီးတိုးသီချင်းသံများကြား ပူပန်မှုများဖြေလျော့ပါလော့ ..
ဘ၀၏သီချင်းအား ငါတီးခတ်ချိန်တွင်
သင့်အပြုံးစက်တို့ဖြင့် ငါ၏စောင်းကြိုးတို့အား တင်းပါလော့ ..
သင်၏ မျက်ဝန်းများဖြင့် ငါ၏ ရင်အစုံအား အလင်းပွင့်စေလော့..
သင်၏ အနမ်းများဖြင့် ငါ၏ချပ်ဝတ်တို့အား ပြောင်လက်စေပါကုန် ..
သင်၏ ချစ်ခြင်းမွန်းသော လက်အစုံဖြင့် ငါ၏ဓါးအား ထက်မြိစေပါလော့ ..
သင်နှင့်သင့်ဥယျာဉ်တော် အတွက် ငါ၏အသက်နှင့်ခန္ဖာအား ကျိုးနွံပါ၏ ..
အို .. ငါ၏ အလင်းသစ်ပင်ဖြစ်သော .. အရှင်မ .. ကြားစေသားးး။

commentinfo By: kantkawmg at Jan 30, 2012
Comment #3

အူး လူကြီးးးးးးးးးးးးးးးးးးး

commentinfo By: sharon myorr myor at Jan 30, 2012
Comment #4

ဘ၀၏သီချင်းအား ငါတီးခတ်ချိန်တွင်
အဲဒါအကြိုက်ဆုံးပဲ

Comment #5

ဟုတ်ကဲ့ .. အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ .. esp .. myor

commentinfo By: Lu Gyi at Jan 30, 2012
Comment #6

excellent creation,

commentinfo By: ei lay at Jan 30, 2012
Comment #7

အို .. ငါ၏ အလင်းသစ်ပင် ……..

commentinfo By: sharon myorr myor at Aug 4, 2012
Comment #8

အရမ်းကြိုက်ပါတယ်

commentinfo By: သွဲ့သွဲ့ at May 24, 2013
Comment #9

ဘ၀၏သီချင်းအား ငါတီးခတ်ချိန်တွင်

သင့်အပြုံးစက်တို့ဖြင့် ငါ၏စောင်းကြိုးတို့အား တင်းပါလော့ ..

အရမ်းနှစ်သက်မိပါတယ် … အားပေးနေပါတယ် ….

commentinfo By: မေပျို at Apr 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment