Professional Authors

ပန်ဒိုရာ (ကြယ်စုတ်ကြယ်ပဲ့)

 

ဒီလို ဇန်န၀ါရီလတွေရဲ့ တစ်ခုသောရက်မှာပဲ

ကျွန်တော့်ကို ဒုက္ခပေးဖို့သက်သက်ဆိုပြီး

ဧဒင်ရဲ့ အထက်တည့်တည့်ကောင်းကင်က ကြယ်တစ်စင်း

အခြွေအရံအစုံအလင်နဲ့ လူယောင်ဖန်ဆင်းတယ်…။

 

သင်္ကြန်စာတွေထဲကလို ရေတစ်ဆ မီးတစ်ဆနဲ့ဆိုပေမယ့်

ကျွန်တော့်နက္ခတ်နဲ့မှ လာညီတော့

အိုင်းစတိုင်းရဲ့ ရီလေတစ်ဗတီ ခေတ်မမီတော့ဘူးဖြစ်သွားတယ်…။

 

 

ဘုရင်မနေရာထိပေးခဲ့တာကိုပဲ

အဲ့ဒီ ပြောမရဆိုမရ စိတ်ပုတ်မလေးက

မင်းသမီးမှ မင်းသမီးပါတဲ့…။

 

ကျွန်တော့မှာသာ…

မှော်ဆရာဖြစ်ရ၊ ကဗျာဆရာဖြစ်ရ

ပုံပြင်ပြောရ၊ ဂစ်တာတီးရ နဲ့

နှစ်ယောက်တည်းကတဲ့ ဇာတ်ခုံမှာ characterကို စုံရော။

 

တခါတခါကျတော့လည်း

အကြောင်းပြချက်မရှိဘဲ စိတ်ကောက်လို့ စိတ်မော လူမော…

တခါတခါကျတော့လည်း

စိတ်လိုလက်ရ ချွဲချွဲနွဲ့နွဲ့စကားတွေ သူမကပြော

(ဘာကောင်မှန်းတော့မသိ…)

အတောင်မပါဘဲ ကျွန်တော် တိမ်တွေပေါ်မျောလို့…။

 

ပျဉ်ဖိုးမေ့တာမဟုတ်ပါဘူး။

ကျွန်တော် အိပ်မရတာဘယ်သူကမှ မသိတာ..

mobile uploaded ဆိုတဲ့ ပုံတွေက လွဲလို့

ကျွန်တော့်အခန်းထဲမှာ သူမ အပြုံးတွေ(ကြယ်လို လလို)စုံတယ်…။

 

မဝံ့မရဲနဲ့ အသက်ရှူနိုင်သေးတယ်ဆိုတာက

သူမလက်ထဲက သေတ္တာလေး..

ပိတ်လျှက်ပဲရှိနေသေးတယ်လေ…။

In: ကဗျာ Posted By: Date: Feb 12, 2012
Comment #1

ကဗျာကတစ်ချို့နေရာတွေ သိပ်နားမလည်ဘူးဗျ
ဒါပေမယ့် ဒီလိုအရေးအဖွဲ့ပုံစံကိုနှစ်သက်သည့်အတွက် အားပေးသွားကြောင်းပါ ။

commentinfo By: X - ray at Feb 12, 2012
Comment #2

ကျွန်တော့မှာသာ…

မှော်ဆရာဖြစ်ရ၊ ကဗျာဆရာဖြစ်ရ

ပုံပြင်ပြောရ၊ ဂစ်တာတီးရ နဲ့

နှစ်ယောက်တည်းကတဲ့ ဇာတ်ခုံမှာ characterကို စုံရော။

အပိုဒ် တိုင်းကကောင်းတယ်
ခံစားချက်တူတဲ့ အပိုဒ်လေးကို ဖော်ပြလိုက်တာပါ
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Feb 12, 2012
Comment #3

so much nice..
with lots of love,,

commentinfo By: ei lay at Feb 12, 2012
Comment #4

အားပေးပါတယ်….

commentinfo By: SoFarAwayFromU at Feb 12, 2012
Comment #5

အစအဆုံးတစ်ပုဒ်လုံးကြိုက်တယ်ဗျာ။ အားပေးသွားပါတယ်။

commentinfo By: ကြယ်စစ်သည် at Feb 12, 2012
Comment #6

ဘုရင်မနေရာထိပေးခဲ့တာကိုပဲ

အဲ့ဒီ ပြောမရဆိုမရ စိတ်ပုတ်မလေးက

မင်းသမီးမှ မင်းသမီးပါတဲ့…။
တစ်ပုဒ်လုံးကြိုက်တယ်ဗျိုးးးးးးးးးးးးးးးးးးးးးး။

commentinfo By: zawthetoo at Feb 13, 2012
Comment #7

ကျွန်တော့မှာသာ…

မှော်ဆရာဖြစ်ရ၊ ကဗျာဆရာဖြစ်ရ

ပုံပြင်ပြောရ၊ ဂစ်တာတီးရ နဲ့

နှစ်ယောက်တည်းကတဲ့ ဇာတ်ခုံမှာ characterကို စုံရော။

commentinfo By: May Kha at Feb 13, 2012
Comment #8

တခါတခါကျတော့လည်း

အကြောင်းပြချက်မရှိဘဲ စိတ်ကောက်လို့ စိတ်မော လူမော…

တခါတခါကျတော့လည်း

စိတ်လိုလက်ရ ချွဲချွဲနွဲ့နွဲ့စကားတွေ သူမကပြော

(ဘာကောင်မှန်းတော့မသိ…)

အတောင်မပါဘဲ ကျွန်တော် တိမ်တွေပေါ်မျောလို့…

commentinfo By: htaw at Feb 13, 2012
Comment #9

good..တယ်ဗျ…

commentinfo By: poem.poem28 at Feb 14, 2012
Comment #10

ဘုရင်မနေရာထိပေးခဲ့တာကိုပဲ

အဲ့ဒီ ပြောမရဆိုမရ စိတ်ပုတ်မလေးက

မင်းသမီးမှ မင်းသမီးပါတဲ့ ..။

(တပုဒ်လုံးကြီုက်တယ်..ဒီအပိုဒ်လေးကဂျစ်ကန်ကန်အရေးအသားလေးနဲ့ ချစ်စရာကောင်းလို့  )
ကျနော် အားပေးတာထက်ပိုတယ်ဗျာ

commentinfo By: sharon myorr myor at Mar 9, 2012
Comment #11

အဲ့ဒီ သေတ္တာက ပွင့်သွားရင်
ဘာကောင်းကျိုးမှမပေးဘူး

ဆုတောင်းပေးနေပါမယ်

ကဗျာလေးကိုလည်းအားပေးသွားပါတယ် . . .

commentinfo By: Mickey at Mar 9, 2012
Comment #12

he,,he,,
be hna khar khar phat phat lone wa ma yoe bu,,
yae yae le le ko heart hti tar,
ei lay ko pyaw nay ta lo khan sar ya de,,kwi,,kwi,,
ei lay le kha na kha na sate kauk tat de,,
sate kauk yin lone wa khaw bu,,
chauk hma kyike de,,
sate soe pyay twar yin e lo pe chwe yaw,
he,,he,,
daw daw soe de main ma tway pe naw,,

commentinfo By: ei lay at Mar 10, 2012
Comment #13

ပန်ဒိုရာ

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment