Professional Authors

မနေ့တွေကအထိပေါ့

မနေ့တွေကအထိပေါ့
နင် ပြန်လာမလား စောင့်မျှော်ရင်း….
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ပြိုကျ
ငါ့နှလုံးသား မြေပေါ်သို့ ကြွေကျမတတ် နင့်အတွက် ခံစားခဲ့ရတယ်…။

မနေ့တွေကအထိပေါ့
ငါတို့အမှတ်တရတွေ ရှာဖွေရင်း
နူးညံ့ခဲ့တဲ့ မာယာတွေကြားထဲက နင့်မျက်နှာလေးကို
အတွေးတွေနဲ့ လှမ်းနမ်းရှိုက်မိနေခဲ့တယ်….။

မနေ့တွေကအထိပေါ့
ဆွေးစရာမှန်သမျှ အတိတ်ဘ၀တစ်ခုနဲ့လဲလှယ်ရင်း…
နင် ဘေးအပူတွေ ကင်းပါစေကြောင်း
စိတ်လိုလက်ရ ဆုတွေတောင်းပေးနေခဲ့တယ်…။

မနေ့တွေကအထိပေါ့
ငါ့ဘ၀က နင်….
ငါ့အတိတ်က နင်….
ငါ့အနာဂတ်က နင် ပဲလို့ ရူးသွပ်စွာ ဟစ်ကြွေးနေမိတုန်းပဲ…။

မနေ့တွေကအထိပေါ့
ရောက်လာမယ့်မနက်ဖြန်တွေအတွက်….
ကြိုတင်ခန့်မှန်းရင်း……
ကြေကွဲရသမျှတွေကို တည်ခင်းဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်….။

မနေ့တွေကအထိပေါ့ ဆိုတဲ့
စကားစပ်တစ်ခုထဲ….ငါ့ စိတ်ဝိဥာဉ်
ငါ့ဖြစ်တည်မှု
ငါ့အလုံးစုံသော ရှင်သန်မှုတွေ စီမျောလိုက်ပါဖြစ်ခဲ့တယ်…။
ဒီနေ့အတွက်ကတော့
မနေ့တွေကအထိ…ငါ နင့်ကို သိပ်လွမ်းပါတယ်….။

(P.S တခါတလေမှာ လူနှစ်ယောက်ပျော်ရွှင်ရဖို့အတွက် လူတစ်ယောက်က ၀မ်းနည်းခြင်းအောက်မှာ နှုတ်ဆိတ်နေပေးရတတ်တယ်..။)

အလွမ်း(ကေသရီ)

In: ကဗျာ Posted By: Date: Jan 26, 2012
Comment #1

ထပ်တူခံစား အားပေးသွားပါတယ်..
ကြိုက်နှစ်သက်သွားတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Jan 27, 2012
Comment #2

hin,,,
dar si,,
d nae chit dot bu pop,,
hint,,,
a myo myo pe

commentinfo By: ei lay at Jan 27, 2012
Comment #3

…အလွမ်း…ရေ
ထပ်တူခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Jan 27, 2012
Comment #4

တခါတလေမှာ လူနှစ်ယောက်ပျော်ရွှင်ရဖို့အတွက် လူတစ်ယောက်က ၀မ်းနည်းခြင်းအောက်မှာ နှုတ်ဆိတ်နေပေးရတတ်တယ်, Absolutly right.

commentinfo By: LNK at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment