Professional Authors

မေးသူ နဲ့ ဖြေသူ

ကောင်းကင်ကြီးရယ် ပြာပါပေ့လို့
ငါ ဟစ်ကြွေးမိသည်
တည် တည် နေတဲ့
ကောင်ကင်ကြီး အဖြေ မပေး…….
ပင်လယ် ကြီးရယ် လှိုင်းထန်ပါပေ့လို့
ငါ ဟစ်ကြွေးမိသည်….
ပျော်ပျော်နေတဲ့
ပင်လည် ကြီး အဖြေ မပေး….
ငါနေနေတဲ့ ကမ္ဘာ ကြီး မှန်မှန် လည်ပါပေ့လို့
ငါ ဟစ်ကြွေးမိသည်
သည်းခံတတ်တဲ့  ကိုမြေကြီး
အဖြေမပေးပြန်ပြီ…
အော် ငါ မေးတာ မဖြေ ကြပါလား
ကဲ လူတွေ
လောဘ၊ဒေါသ၊မောဟ
များလွန်းပါပေ့လား
ငါဟစ်ကြွေးမိသည်….
သူတို့က ငါ ကို အော်တယ်
ငါတို့ မဟုတ်ဘူး မင်းတဲ့
ပြီးတော့…..အား….ထုတယ် ဟ
ဖြာကျနေတဲ့သွေးတွေ
ငါ ပြေးပြီ ..လေ..ဆေးခန်းကို
ဆရာဝန်က
ငါကို မေးပြန်၏ ပိုက်ဆံရှိရဲ့လားတဲ့
ငါခေါင်းညိမ့်ပြတယ်….
ငါ………….

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

ခေါင်းကွဲသွားတာလားဗျ စိတ်မကောင်းဘူးဗျာ ခေါင်းကွဲရုံလေးဆိုတော့ ( just kidding)
ကဗျာလေး ကောင်း၏ ။
အားပေးသွားပါတယ် ။

commentinfo By: X - ray at Nov 30, 2011
Comment #2

he,,he,,,
phat loh dot kaung de.
meaning ko dot tay char nar ma le bu,

commentinfo By: ei lay at Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment