Professional Authors

နင်လည်း နင့်အရင်လူ ငါလည်း ငါ့အရင်လူ… မေ့ထားစို့

တို့နှစ်ယောက်နီးစပ်ဖို့ထက်

ပိုဝေးရဖို့ ပိုသေချာတယ်

ဒို့နှစ်ယောက် ချစ်ခြင်း

အသိုင်းအ၀ိုင်းများကြားမှာ

ပတ်ဝန်းကျင်ထဲမှာ

ပျံ့နှံ့ကုန်ပြီ

သူတို့တွေက ဒို့နှစ်ဦးချစ်ခြင်းကို

မရ ရ ခွဲကြလိမ့်မယ်

ငါတို့ ကြိုသိနှင့်နေတဲ့

အနာဂတ်လမ်းက

တို့နှစ်ယောက် ခွဲခွါဖို့ပဲ မြင်ရတယ်

ဒါပေမယ့်

နင်လည်း နင့်အသိုင်းအ၀ိုင်းကြား

ငါလည်း ငါ့ အသိုင်းအ၀ိုင်းကြား

နင်လည်း နင့် ပတ်ဝန်းကျင်နဲ့နင့်မှာ

ငါလည်း ငါ့ ပတ်ဝန်းကျင်နဲ့ငါ့မှာ

ဘယ်လို သွေးခွဲ စကားတွေ

ဘယ်လိုပဲ ကြားနေရပါစေ

ခေါင်းလေးခါ နားနှစ်ဖက်ပိတ်လို့ထားလိုက်

(သို့)

ဒီဖက်ဝင် ဟိုဖက်က ထွက်ခွင့်ပေးလိုက်

ခါးခါးသီးသီးနဲ့ စကားတွေ

သူတို့ အာညောင်းပြီး

ပြောပြောနေတာပဲ ရှိတယ်လို့ထားလိုက်

ငါ ပြောဖူးတဲ့ စကားရှိသလို

“မင်းနားကြားလွဲတယ်” ထားလိုက်

သူတို့တွေက

နင့်အရင်လူအကြောင်း

ငါ့အရင်လူအကြောင်း

ဟိုဖက် ဒီဖက်

ကုန်းတိုက်ကြလိမ့်မယ်

သူတို့တွေက

နင့်အရင်လူနဲ့ နင့်ကို

ပြန်ပေါင်းချင်ကြမယ်

ငါ့ကိုလည်း ငါ့အရင်လူနဲ့ငါ့ကို

ပြန်ပေါင်းချင်ကြမယ်

ဒါပေမယ့်

ငါတို့ အရင်လူတွေ

မေ့ထားလိုက်ရအောင်

နင်လည်း နင့်အရင်လူ

ငါလည်း ငါ့အရင်လူ

မေ့ထားလို့ အဲဒီအကြောင်း

စကားထဲ ထည့်ထည့်မပြောကြေး။

 

သူတို့တွေက

တို့နှစ်ဦးရဲ့ ချစ်ခြင်းကို

နောက်ဆုံးပေါ် နည်းပရိယာယ်တွေသုံးပြီး

အကြိမ်ကြိမ်ခွဲဖို့ ကြိုးစားကြလိမ့်မယ်

မင်းအသိုင်းအ၀ိုင်းကြား

မင်းပတ်ဝန်းကျင်မှာ မင်းမပျော်ပဲနေလာမယ်

ဒီအချိန်မှာ ငါ့ရင်ခွင်ဟာ

နင်အပျော်ရွှင်ဆုံးနေရာလေ

ငါလည်း ဒီလိုပဲပေါ့ အချစ်…

ဒီမှာ အချစ်ရေ

တို့နှစ်ဦး အတူနေရဖို့

နေ့        ရက်       လ

နှစ်        ရာသီတွေ

အ         လီ         လီ

ပြောင်းဦးမယ်

ဒီတော့ တို့နှစ်ဦး အတူနေရဖို့

အလိုအပ်ဆုံးက

ချစ်ခြင်းမေတ္တာ

သစ္စာတရားပေါ့ မဟုတ်လား။

 

ဒီကြားထဲ

တို့နှစ်ဦးရဲ့ အချစ်

ပိုခိုင်မာလာအောင်

ငါတို့ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်

တို့နှစ်ဦး အတူနေရဖို့

ငါ လုပ်စရာတွေ အများကြီးရှိတယ်

ဒါတွေလည်း ငါ ရဲရဲဝံ့ဝံ့

ဆက်လုပ်သွားမယ်။

 

ဒီကြားထဲ

အရေးကြီးတာလေးတစ်ခု ငါပြောချင်တယ်

နင်လည်း နင့်အရင်လူကိုမေ့

ငါလည်း ငါ့အရင်လူကိုမေ့

မေ့ထားစို့

မေ့ထားဖို့ လိုအပ်မယ်။

 

(ငါ မွန်းသိပ်ကျပ်နေတယ်။ အားလုံးပဲနားလည်ပေးကြပါ။)

In: ကဗျာ Posted By: Date: Jan 26, 2012
Comment #1

ဒီတော့ တို့နှစ်ဦး အတူနေရဖို့
အလိုအပ်ဆုံးက
ချစ်ခြင်းမေတ္တာ
သစ္စာတရားပေါ့ မဟုတ်လား။

ဒီကြားထဲ
တို့နှစ်ဦးရဲ့ အချစ်
ပိုခိုင်မာလာအောင်
ငါတို့ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်
တို့နှစ်ဦး အတူနေရဖို့
ငါ လုပ်စရာတွေ အများကြီးရှိတယ်
ဒါတွေလည်း ငါ ရဲရဲဝံ့ဝံ့
ဆက်လုပ်သွားမယ်။

commentinfo By: kantkawmg at Jan 26, 2012
Comment #2

အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 27, 2012
Comment #3

mike de kwa.

commentinfo By: ei lay at Jan 27, 2012
Comment #4

Cool!!!!!!!!!

commentinfo By: Miss Gathering Love at Jan 27, 2012
Comment #5

when i read again,,i like both title & poem.

commentinfo By: ei lay at Jan 27, 2012
Comment #6

သူတို့တွေက

တို့နှစ်ဦးရဲ့ ချစ်ခြင်းကို

နောက်ဆုံးပေါ် နည်းပရိယာယ်တွေသုံးပြီး

အကြိမ်ကြိမ်ခွဲဖို့ ကြိုးစားကြလိမ့်မယ်

မင်းအသိုင်းအ၀ိုင်းကြား

မင်းပတ်ဝန်းကျင်မှာ မင်းမပျော်ပဲနေလာမယ်

ဒီအချိန်မှာ ငါ့ရင်ခွင်ဟာ

နင်အပျော်ရွှင်ဆုံးနေရာလေ

ငါလည်း ဒီလိုပဲပေါ့ အချစ်…

ဒီမှာ အချစ်ရေ

တို့နှစ်ဦး အတူနေရဖို့

နေ့ ရက် လ

နှစ် ရာသီတွေ

အ လီ လီ

ပြောင်းဦးမယ်

ဒီတော့ တို့နှစ်ဦး အတူနေရဖို့

အလိုအပ်ဆုံးက

ချစ်ခြင်းမေတ္တာ

သစ္စာတရားပေါ့ မဟုတ်လား။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment