Professional Authors
ကျူပ် လည်း ခင်ဗျားတို့ လို ကောင်းကောင်းလွမ်းတတ်ချင်တယ်
တကယ်တော့ ဒီဖာတ်လမ်း ကို စခဲ့တာက
သူမျက်စောင်းထိုးဖို့ အနေတော်  နေရာမှာ
ကျူပ် ရပ်တည် ခဲ့တာ  က  စတယ်
လမ်းကြောင်း သင့် လို့ ထင်ပါတယ်
မကြာ မကြာ သူ မျက်စောင်း ထိုးပါတယ်
ကျူပ်ကလည်း အဲမျက်စောင်းလေးတွေကို သဘောကျ မိခဲ့တယ်
ကြာလာတော့ နှလုံးသားက မခံနိုင်တော့ဘူး
လုံး ပါး ပါး လာတယ်
ဒါပေမဲ့  ကျူပ်က ရွတ် တယ်
သူကတော့ ကြာတော့ ရိုးသွားပုံ ရပါတယ်
နေရာ ပြောင်းသွား တယ်
အဲတော့ ကျူပ် ကျန်ရစ်ဖြစ် တာပေါ့
အဲဒါနဲ့ အသည်းကွဲနေသည် လို့  ကြေညာ လိုက်တယ်
အသည်းကွဲနေသည် ဆိုတော့
ကွဲနေတဲ့ အသည်းကို လည်း မကြာမကြာ ဂရုစိုက်ရတယ်
လူရှေ့ သူေ၇ှ့ ဆို ပို ပို ပြီး လွမ်းပြရတယ်
အလွမ်း သီချင်းဖွင့်ရင် မျက်ရည်တွေ နဲ့  နားထောင် ပြ တယ်
ခေါင်းငိုက်စိုက်လေးနဲ့  သူ့ နေရာလေး ခိုးခိုး ကြည့်ရတယ်
ဒါပေမဲ့ တစ်ခုတော့ ခံရခက်တယ်
ကျူပ် အလွမ်း တွေ  က ပေစောင်းစောင်း ဖြစ်နေတယ်
အဲဒါကြီးတော့ ခံရ ခက် သဗျာ..
ကျုပ်လည်း အသဲကွဲမိုး  ကေသရီ လူဆိုး တို့ လို ကောင်းကောင်း လွမ်းပြချင်တယ်။       ။(လုလင်ငယ်သွေး)
( အသဲကွဲမိုးကေသရီ လူဆိုး.. နာမည် ယူသုံးထားခြင်းအား တောင်းပန် ပါသည်)
In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1
အလွမ်းတွေ ခြယ်သထားတဲ့ အလွမ်းအိမ်ခန်းလေးတစ်ခုထဲ အလွမ်းတွေရှိုက်သွင်းထားတဲံ့ တစ်မနက်မှာ ကြိုးစားကြည့်ပေါ့ဗျာ။
ခင်တဲ့
မိုးလူ
commentinfo By: မိုးလူ at Aug 16, 2011
Comment #2
တိန် .. တိုင်ပတ်တာပဲ ..ကဗျာရေးတာဘယ်လိုဖြစ်လို့ လူဆိုးကပါလာရတာတုန်း ..
အမောင်လုလင်ရဲ့ … 🙂
commentinfo By: chityellusoelay at Aug 16, 2011
Comment #3
……………………….
ကိုလုလင်ကဗျာတွေကောင်းပါတယ်ဗျာ့
commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #4
ဖတ်ရလွယ်တဲ့ နာမည် ဖြစ်နေတယ် လူဆိုးက … ကိုယ်မိုးလူ ပြောသလို လွမ်းကြည့်ရဦးမယ်
Comment #5
ဒါဆိုနာမည်ပြောင်းမယ်ဗျာ … အကြံပေးအုံး … 🙂
commentinfo By: chityellusoelay at Aug 16, 2011
Comment #6
ချစ်ရဲ့  လူမိုက်လို့ ပြောင်းသင့်တယ်
Comment #7
ချစ်လူမိုက်ချစ်လို့မိုက်တာပေါ့…
commentinfo By: လွမ်းနောင် at Aug 16, 2011
Comment #8
လွမ်းတတ်ဖို့ လွမ်းခြင်း ကောင်းကောင်းရေးတတ်ဖို့လိုတယ်…..
ချစ်တတ်ဖို့ ချစ်ခြင်းတွေ များများပေးတတ်ဖို့လိုတယ်….
မိုက်တတ်ဖို့ မိုက်ရဲဖို့လိုတယ်….
ကျန်တာ သူများ နာမည်ငှားသုံးဖို့ လိုဘူးလေ… 🙂
commentinfo By: manawphyulay at Aug 16, 2011
Comment #9
ဟုတ်
Comment #10
don’t think like that.
u also can do well like them.
u can create best like them.
no doubt.
i like ur poem.
commentinfo By: ei lay at Aug 16, 2011
Comment #11
း) ဒီဖတ်လမ်းနဲ့ ဒီဇာတ်လမ်းကို မှားနေပုံရတယ်း)) ကို လုလင်ငယ်သွေးး))
commentinfo By: ဇာတိနော် at Aug 17, 2011
Comment #12
ဟုတ် သတ်ပုံ မမှားတဲ့ ကဗျာ မရှိသလောက်ပါပဲ ..ဟီး..စာရိုက်တာကို သေချာ ဂရုမစိုက်မိဘူးဗျ
ကျေးဇူးတင်ပါတယ်
မ အိလေးကိုလည်း ကျေးဇူးတင်ပါတရ်
Comment #13
လွမ်းဗျာ လွမ်း အလွမ်းပြိုင်ပွဲကျင်းပမယ်ဆိုရင်တော့ ကြိုပြောကြဗျာ ကျွန်တော်ထွက်ပြေးမလို့ ကျွန်တော်ကအလွမ်းနဲ့ဓာတ်မတည့်ဘူး ( just kidding ) ။ ကဗျာလေး ကောင်းတယ်ဗျ အားပေးသွားတယ်။
commentinfo By: X - ray at Aug 17, 2011
Comment #14
အော်………….
လွမ်းရတာမကောင်းဘူး
အမောင် လုလင်ရဲ့
အလွမ်းဆိုတာ
စိတ်အလိုလိုက်မှုတစ်ခုပဲ
လွမ်းတတ်ဖို့မလိုပါဘူး
ချစ်တတ်ဖို့ပဲလိုတာပါ
commentinfo By: virus at Aug 17, 2011
Comment #15
ဟုတ်ကဲ့ ကျေးဇူးပါ
Comment #16
သူမျက်စောင်းထိုးဖို့  အနေတော် နေရာမှာ
ကျူပ် ရပ်တည် ခဲ့တာ က စတယ်။
အဲ့စာသား ကြိုက်တယ်။
commentinfo By: သဇင် at Aug 19, 2011
Comment #17
ဟွန့် ..ချစ်လို့ပါဆို ..လူမိုက်တော့မလုပ်ချင်ပါဘူး … 🙂
commentinfo By: chityellusoelay at Sep 1, 2011
Comment #18
လွမ်းတယ် ဆိုတာ အခွန်ဆောင် စရာမလိုဘဲ feel ရှိတဲ့ အမျိုးဆိုတော့…………………
လွမ်းသာ လွမ်းပစ်။ဘယ်သူမှ အားမနာနဲ့။
Comment #19
ဘယ်သူမှ အားမနာ ပေမယ့်  ကိုယ့်  ကို ကိုယ်တော့ ပြန် ငဲ့  နေရလို့ 
Comment #20
ကျွန်တော် လာပြီး ခေါင်းကိုအပေါ်တင်လို့ 
မျက်ရည်တွေနည်းနည်းဝဲလျှက် ပါ
commentinfo By: ချစ်မိုးဦး at Oct 25, 2011
Comment #21
ဒါပေမဲ့ တစ်ခုတော့ ခံရခက်တယ်
ကျူပ် အလွမ်း တွေ က ပေစောင်းစောင်း ဖြစ်နေတယ်
Comment #22
မိုက်လှချည်လားဗျ
တကယ်တော့ ဒီဖာတ်လမ်း ကို စခဲ့တာက
သူမျက်စောင်းထိုးဖို့  အနေတော် နေရာမှာ
ကျူပ် ရပ်တည် ခဲ့တာ က စတယ်
လမ်းကြောင်း သင့် လို့ ထင်ပါတယ်
မကြာ မကြာ သူ မျက်စောင်း ထိုးပါတယ်
ကျူပ်ကလည်း အဲမျက်စောင်းလေးတွေကို သဘောကျ မိခဲ့တယ်
ကြာလာတော့ နှလုံးသားက မခံနိုင်တော့ဘူး
လုံး ပါး ပါး လာတယ်
ဒါပေမဲ့  ကျူပ်က ရွတ် တယ်
နေရာက တစ်ဖ၀ါး မှ မရွှေ့ ဘူး
သူကတော့ ကြာတော့ ရိုးသွားပုံ ရပါတယ်
နေရာ ပြောင်းသွား တယ်
အဲတော့ ကျူပ် ကျန်ရစ်ဖြစ် တာပေါ့
အဲဒါနဲ့ အသည်းကွဲနေသည် လို့  ကြေညာ လိုက်တယ်
(တော်တော်လေး မိုက်တယ်ဗျို)
commentinfo By: နိုးဆက် နေ့ at Jan 1, 2013
Comment #23
really nice
commentinfo By: ei lay at Jan 1, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment