Professional Authors

အမေ

အပူလိုင်းဖြာဝေဒနိကတွေနဲ့
လူတိုင်းမှာအမေရှိကြတယ်။
မရေမရာပဟေဌိတွေကြောင့်
အသေအချာအဖေမသိတောင်မှ
အမေရှိတယ်
ချစ်စွမ်းအင်တွေပေး
အပြည့်တန်ဆာအမေလည်းအမေ
အကြွးကြွယ်လှတဲ့
ဈေးသည်မအမေလည်းအမေ
သမီးသားတွေကြီးထွားစေရာဘို့
စီးပွါးအထွေထွေ
စိန်ရွှေပတ္တမြားအိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှအမေမဟုတ်
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာတိုးဖယ်ပေးခဲ့
အရိုးဟင်းတစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
အပူကိုမျှဝေခံစား
ဒုက္ခကိုပိုမိုလေးနက်စေ
ပညာအမွေရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှတပါး
အခြာပေးစရာအထွေထွေမွဲသော်လည်း
အမေဟာ အမေပဲလေ။
(သင်တို့လည်းမေတ္တာအစွမ်းပေးတဲ့အမေကိုမပစ်ပယ်ပါနဲ့)
nayminarkar
ကဗျာကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ
ထင်မြင်ချက်လေးတွေပေးခဲ့ကြပါလားခင်ဗျာ

In: ကဗျာ Posted By: Date: May 22, 2010
Comment #1

မှန်လိုက်တာ ….
အမေ လို့ခေါ်လိုက်တာနဲ့ စိတ်ထဲမှာ အလိုအလိလွမ်းမိလာတယ်

commentinfo By: linlatarkar at May 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment