Professional Authors

ဇွဲ ဆု အောင်ပန်း

 

အတိတ်တွေက ခြောက်ကပ်ကပ်နဲ့
ပစ္စုပ္ပန်နေ့ရက်တွေမှာ သိုလှောင်ရင်း
သင့်လျှော်ခြင်း မရှိသေးတဲ့
ဆေးဆိုးပန်းရိုက်သလို ချို့ယွင်းချက်တွေနဲ့
ငါ့ရဲ့စိတ်ဓာတ်တွေ မှိုတက်လို့

စွန့်ပစ်လိုက်ရတဲ့ ပစ္စည်းတခုအဖြစ်
အမှိုက်ပုံထဲ ရောက်ခဲ့တယ်…။ 

 

ဇွဲအားသန်သန် စိတ်ဓာတ်မာန်နဲ့
ရည်ရွယ်ရာ ခရီးလမ်းကို
လျှောက်လှမ်းခဲ့ရင်း ကြမ်းတမ်းလှတဲ့
ဘဝလမ်းကြမ်းကြမ်း လောကဓံကို
အနိုင်မခံ အရှုံးမပေးတဲ့
စွမ်းအားတွေနဲ့ လျှောက်လှမ်းခဲ့တာ
အင်အားတွေလည်း ကုန်ခမ်းလို့
ပန်းတိုင်ရောက်ဖို့လည်း ခက်လှတယ်..။ 

 

ငါ..ကလည်း အတွေးခေါ် နုနု
သူတို့လည်း အတွေးခေါ် နုနု
အကောင်းတွေစုလို့ မညီမျှသလို
လှေနံ တဖက်တည်း နင်းခဲ့လို့
ပန်းတိုင်ပျောက်မှာလည်း စိုးကြောက်မိပါရဲ့…။ 

 

ဒါပေမဲ့….
ငါ့မာန်တွေ ငါ့အင်အားတွေ
ငါ့စိတ်ဓာတ်တွေ မလျော့တဲ့ ဇွဲနဲ့
ဖြောင့်မှန်တဲ့ အသိတရားကို
လက်သုံးတော် သံမဏိဥပဒေ ဓားလို
ကိုင်ဆောင်ခဲ့ရင်း အခုတော့လည်း
ပန်းတိုင်အဝင် ခရီး တဝက်ဆီသို့
တက်လှမ်းလို့ လာခဲ့ပြီ….။ 

 

ရောင်နီအလင်းတွေ ဖြာထွက်နေတဲ့
ကောင်းကင်အောက်မှာ ကျေးငှက်တွေလည်း
လောကကြီးအတွက် သီချင်းဆိုကြသလို
ငါတို့လည်း သီချင်းသံတွေ
အိမ်နောက်ဖေးက အိုးသံတွေ
အိမ်ရှေ့က ကလေးသံတွေ
ကာလသား နောက်ပိုးသံတွေ
ဈေးထဲက ငါးရောင်းသံတွေ
တေလေတွေရဲ့ တောင်းရမ်းသံတွေ
လူငယ်တွေရဲ့ စိတ်ဓာတ်အင်အားသံတွေ
ငါတို့ ပတ်ဝန်းကျင်မှာ ရိုက်ခတ်လို့
အတွေ့အကြုံတွေ ခံစားမှတ်သားရင်း
ငါတို့ ကိုယ်တိုင် အတ္တဆန်ခဲ့တဲ့
မူဝါဒ လမ်းစဉ်တွေ ဖယ်ရှားလို့

လွတ်လပ်သော ပညာရေး
စီးပွားရေး လူမူရေးတွေနဲ့
ငါတို့ အောင်ပန်းရှိရာကို တက်လှမ်းခဲ့ပြီ…။ 

 

တက္ကသိုလ်မြတ်မင်း

http://www.myatminnpoem.blogspot.com

In: ကဗျာ Posted By: Date: Jan 26, 2012
Comment #1

ဖတ်ရှု..အားပေးသွားပါတယ်ဗျို့….

commentinfo By: အသဲကွဲမိုး at Jan 26, 2012
Comment #2

ငါ..ကလည်း အတွေးခေါ် နုနု
သူတို့လည်း အတွေးခေါ် နုနု
အကောင်းတွေစုလို့ မညီမျှသလို
လှေနံ တဖက်တည်း နင်းခဲ့လို့
ပန်းတိုင်ပျောက်မှာလည်း စိုးကြောက်မိပါရဲ့…။

commentinfo By: May Kha at Jan 26, 2012
Comment #3

အကိုကဗျာတွေက..သဘာဝကျတယ်နော်…..ကောင်းတယ်ဗျာ……

commentinfo By: E-than at Jan 26, 2012
Comment #4

ရောင်နီအလင်းတွေ ဖြာထွက်နေတဲ့
ကောင်းကင်အောက်မှာ ကျေးငှက်တွေလည်း
လောကကြီးအတွက် သီချင်းဆိုကြသလို
ငါတို့လည်း သီချင်းသံတွေ
အိမ်နောက်ဖေးက အိုးသံတွေ
အိမ်ရှေ့က ကလေးသံတွေ
ကာလသား နောက်ပိုးသံတွေ
ဈေးထဲက ငါးရောင်းသံတွေ
တေလေတွေရဲ့ တောင်းရမ်းသံတွေ
လူငယ်တွေရဲ့ စိတ်ဓာတ်အင်အားသံတွေ
ငါတို့ ပတ်ဝန်းကျင်မှာ ရိုက်ခတ်လို့
အတွေ့အကြုံတွေ ခံစားမှတ်သားရင်း
ငါတို့ ကိုယ်တိုင် အတ္တဆန်ခဲ့တဲ့
မူဝါဒ လမ်းစဉ်တွေ ဖယ်ရှားလို့
လွတ်လပ်သော ပညာရေး
စီးပွားရေး လူမူရေးတွေနဲ့
ငါတို့ အောင်ပန်းရှိရာကို တက်လှမ်းခဲ့ပြီ…။

commentinfo By: kantkawmg at Jan 26, 2012
Comment #5

အခု အားပေးကြသည့်အတွက် အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ…
နောက်လည်း အားပေးကြအုန်းလို့ ပြောပါရစေ… ခင်ဗျာ

ခင်မင်စွာဖြင့်….

တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at Jan 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment