Professional Authors

မဟောင်းနိုင်တဲ့ဘ၀သစ်

မနက်ခင်းရဲ့နေမင်း
ရောင်ခြည်တွေဖြာလင်းလို့
နေ့သစ်ကို ဆောင်ကြဉ်းခဲ့ပြန်ပေါ့………..
မထူးခြားတဲ့ မနေ့ကလို
နောက်ထပ်တစ်ရက်ကို
မဟောင်းနွမ်းသေးတဲ့ အားအင်သစ်တွေနဲ့
ခရီးဆက်ရပြန်ပြီ………..
ပူပြင်းတဲ့နေအလင်းအောက်မှာ
ဆန်းကြယ်တဲ့ ဘ၀ကိုရုန်းကန်ရင်း
ကျခဲ့ရတဲ့ချွေးစက်တွေ
ဘယ်အထိစီးဆင်းနေဦးမှာလဲ……..
အဆုံးသတ်မှာတော့
တောင့်တခဲ့ရတဲ့ ဘ၀ကိုပိုင်ဆိုင်ဖို့
မရိုးနိုင်တဲ့အတွေးသစ်တွေနဲ့
နိုးကြားတဲ့အားမာန်တွေ
လက်တွဲပြီးခရီးဆက်မယ်
တနေ့နေ့ဆိုတာ ကြုံလာဦးမှာပါ…………………

In: ကဗျာ Posted By: Date: Jul 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment