Professional Authors

ကြေပါစေတော့ 

နင်မြင်လှည့် ပါ

မြင်နိုင်မယ်ဆိုယင်ပေါ့ 

ငါ့ မျက်ဝန်းမှာစိုနေတာ မျက်ရည်မဟုတ်ဘူးလေ

အလွမ်းမိုးစက်တွေပါ

နင်ကြားနိုင်မယ်ဆိုယင်

ငါ့ ရင်ထဲကစကားတစ်ချို့ ဟစ်အော်လိုက်ခြင်တယ်

ငါအရမ်းချစ်ခဲ့ တာပါလို့ 

ငါအားတင်းထားခဲ့ ပါတယ်

နာကျင်မှု့ တွေအတွက်  ခိုင်းနှိုင်းရွေးချယ်စရာ

စကားလုံးတို့ ပျောက်ဆုံးနေခဲ့ တယ်

ခံနိုင်စွမ်းအားတို့  ငါ့ ထံပါးမှ ဖုတ်ဖက်ခါထပြေးသွားကုန်ပြီ

ဘယ်လိုအရာတွေနဲ့ 

နင့် အားမေ့ ပျောက်ခွင့် ရနိုင်မလဲ

ဘယ်လိုအရာတွေကငါ့ အားနှစ်သိမ့် ခွင့် ပေးနိုင်မလဲဆိုတာ

ရှာဖွေယင်းနဲ့  အိပ်စက်ခြင်းကင်းမဲ့ ဇုန်ထဲငါမြောနေခဲ့ ရပြီ

အိပ်မက်သာဖြစ်လိုက်ပါတော့ လို့ ဆုတောင်းရအောင်လဲ

အိပ်မက်မှမဟုတ်ခဲ့ တာ

ကြေပါစေတော့ လို့ ဆုတောင်းရအောင်လဲ

ငါ့ အပြစ်မှမဟုတ် ငါ ရက်စက်ခဲ့ တာမှမဟုတ်တာ

အတုန့် အလှည့် ဝဋ်ကြွေးတွေ

ဒီဘ၀ဒီမျှနဲ့ ကြေပါစေတော့ နော်

In: ကဗျာ Posted By: Date: May 14, 2011
Comment #1

သူငယ်ချင်းတစ်ယောက် အတွက် ရေးပေးခဲ့ တဲ့ ကဗျာလေးပါ

commentinfo By: Aryone Oo at Feb 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment