Professional Authors

အချစ်မြူ

သမုဒယ တွယ်ငင်မှ
သံယောဇဉ်စစ်မယ် … ဆို
နမ်းချူ ခူးယူမယောင်ပြုစား
စိတ်ကူးတွေကြား
ဗျာများခဲ့ရသူက
ကိုယ် …….။

အမူပို ဆိုစကား
ခါးတယ် ပြောရက်သမျှ
အဆိပ်တက်ကာ ဖျားခဲ့ရ
နွမ်းလျသူကလည်း
ကိုယ် …..။

မကြင်နာ သူပစ်ပယ်တော့
ဝေဒနာ မှန်အစစ်
အလွမ်းနွံ နစ်ကာရှုံး
မုန်းမေ့မရတာက
ကိုယ် ….။

ပြစ်မဆို ဝေးစေတော့
ဘ၀င်အေး ကြည်မြစေဖို့
ခ၀ါချကာ နောက်ဆုတ်
အချစ်ပျောက်ရသူကလည်း
ကိုယ် ….။

In: ကဗျာ Posted By: Date: Nov 3, 2012
Comment #1

🙁
*__*

commentinfo By: ei lay at Nov 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment