Professional Authors

ကယ်တွေနှင့် စကားပြောမိတဲ့ည

ကြယ်တွေနှင့် စကားပြောမိတဲ့ည
အလွမ်းညရဲ့ ဒီရင်ထဲမှာ
မျှော်လင့်ခြင်းတွေ ပွင့်အာသွားတော့
ငါ့ငိုသံကို ကြယ်တွေက နားဆင်ပေးတယ်
အဝေးကနေ အဖော်ပြု နှစ်သိပ်ရင်း
သူတိုလည်းရှိပါတယ် အချက်ပြ နှုတ်ဆက်နေကြ
    ကြယ်လေးတစ်ပွင့်က လှမ်းပြောတယ်
    တစ်ယောက်တည်း အဖော်မဲ့လွမ်းနေတဲ့
    အလွမ်းဒဏ်သင့် အလွမ်းဝေဒနာရှင်တွေကို
    အဖော်ပြု နှစ်သိပ်ပေးခွင့်ရဖို့
    အရင်ဘ၀က သူမသေခင်မှာ ဆုတောင်းခဲ့လို့
    ကောင်းကင်မှာ ကြယ်ဖြစ်နေတာတဲ့
ကြယ်တွေမှာ အချစ်မရှိဘူးဆိုတယ်
အလွမ်းတွေကို လွမ်းပြီးရင်း လွမ်းနေရလို့
အချစ်ဆိုတာ ဘာလဲလို့တောင် မမှတ်မိနိုင်တော့
ဒါပေမရ့် သူတို့က အထီးကျန်မဆန်ပါဘူး
လူတွေက သူတို့ကို စကားလှမ်းပြောနေကြလို့တဲ့
    ကြယ်ကလေးကဆက်ပြောတယ်
    ကြယ်တိုင်းမှာ အလွမ်းရာဇ၀င် တစ်ပုဒ်စီရှိကြပေမရ့်
    သူထက်ကြီးကြယ်ခမ်းနားတဲ့ အလွမ်းတစ်ပုဒ်
    လူသားတစ်ယောက်မှာဖြစ်ခဲ့ရင်
    ကြယ်တွေဟာ ကြွေကျသေဆုံးပေးရရှာတယ်
    ထိုလူသားကို အသိအမှတ်ပြုတဲ့သဘောပေါ့
မင်းကြိုက်နေတဲ့ကောင်မလေးလည်း
တခြားကောင်လေးကို အရမ်းချစ်ပြီး
အရမ်းလွမ်းနေရတယ်လို့ငါ့ကိုပြော်နေရင်း
ရုတ်တရက် ကမ်ဘာမြေပေါ်
ကြယ်တပွင့် ခုန်ဆင်း
လတ်ခနဲ ဖြစ်သွားချိန်
ကောင်းကင်က ကြယ်ရောင်တွေမှိန်သွါး
သြော်သူတို့လည်း စိတ်မကောင်းဖြစ်ကြမှာပေါ့
ချစ်သူ အခုချိန်ငါသေသွားခဲ့ရင်
ကောင်းကင်မှာ ကြယ်ကလေးဖြစ်ချင်လိုက်တာ
မင်းငိုကြွေး ရင်ဖွင့်လာတဲ့အခါတိုင်းမှာ
ကောင်းကင်ကနေ မှိတ်တုပ် မှိတ်တုပ်နဲ့
အချက်ပြလို့ ငါနှစ်သိပ်ပေးပါရစေ……။။။။။

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

မင်းငိုကြွေး ရင်ဖွင့်လာတဲ့အခါတိုင်းမှာ
ကောင်းကင်ကနေ မှိတ်တုပ် မှိတ်တုပ်နဲ့
အချက်ပြလို့ ငါနှစ်သိပ်ပေးပါရစေ…ကောင်းလိုက်တဲ့စာသားဗျာ … ရှယ်ပဲ .. ။

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment