Professional Authors

နောက်ဆုံးအိပ်မက်

မနက်တိုင်းမှာ
မင်းအသံတွေကြားရမလားလို့
အိပ်မက်တွေကိုခွင့်တောင်ခဲ့ဖူးတယ် ။

နေခြည်သစ်ကို ကြိုဆိုဖို့
ငါမျက်နှာသစ်ချင်ပြီ
အိပ်ယာထဲမှာပဲရှိနေတဲ့ ငါ့အတွေးတွေကိုလဲ
ဆေးကြောရင်းလေ ။

နီးရက်နဲ့ဝေးနေကြတဲ့
ရင်ခုန်သံတွေကို
သော့ခတ်ပြီးသိမ်းထားလို့ ရမလား ။

ရင်ထဲကချစ်ခြင်းကို တိုင်းတာဖို့
မင်းရင်ထဲ ဘယ်လို ကရိယာမျိုး
တပ်ဆင်ထားလဲ သိချင်လိုက်တာ ။

ချွေးစက်များသာရှိတဲ့ငါ့ဘ၀မှာ
စစ်မှန်တဲ့ချစ်ခြင်းကလွဲလို့
မင်းအတွက်ဘာမှမရှိဘူး ။

မင်းအတွက် ငါ့ရင်ဘက်ထဲက
ပေးဆက်ခြင်းနဲ့ချစ်တတ်ခြင်း
နှစ်ခုသာရှိတယ်လေ ။

လိုချင်လဲပေး မလိုချင်လဲရနေမယ့်
ရင်ဘတ်ထဲကနှလုံးသားက
တောင့်တတာတစ်ခုတော့ရှိတယ်…

မင်းရဲ့မနက်ဖြန်တွေကို
ထွေးပွေ့ယုယဖို့ပေါ့ ။     ။

In: ကဗျာ Posted By: Date: Sep 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment