Professional Authors
ကဗျာမြစ်ဖျားက လွမ်းမိတဲ့သစ်ပင် (မိုးထက်အောင်)
ကဗျာမြစ်ဖျားက လွမ်းမိတဲ့သစ်ပင်
ဟိုးးးးး အဝေးကြီးက သစ်ပင်
ကျွန်တော့်မျက်စိ တစ်ဆုံး….နှစ်ဆုံး….
သုံး……လေး……ငါးဆုံး….
……………….
(မပီဝိုးတ၀ါး)
ရင်ဘတ်ထဲ ကန့် လန့် လေး ပေါက်ဖွားနေခဲ့တယ်
ပန်းမပွင့်ဘူး အသီးမသီးဘူး
အရိပ်မရဘူး ထင်းမရဘူး
ဒီကဗျာတွေအသက်ရှူမရပ်ဖို့ တော့
အောက်စီဂျင်တွေ အဆက်မပြတ်ထုတ်ပေးနိုင်စွမ်းတယ်
ကဗျာထဲကလူ
ကဗျာထဲက မဟုတ်တဲ့လူ
လူမဟုတ်တဲ့ လူ
(ဘာပဲပြောပြော……)
သစ်ပင်လေးကိုတမ်းတ
ဝိသေသထူးတွေနဲ့  လွမ်းနေခဲ့ရပြီ
တစ်နိုင်တစ်ပိုင်ရင်ဘတ်နဲ့  ကဗျာတွေရေးဖွဲ့
ဘယ်သူ့ ခေါင်းစဉ် ဘယ်သူ့ စာသား
ဘယ်သူ့ နည်းနာ ဘယ်နှစ်ပါဒ
နာမည်တွေတော့မတပ်လိုက်ကြပါနဲ့ 
(ဒီကဗျာမှာ……..)
အခံမပါ အအုပ်မရှိ
တြိချိုးမကျ ဒွေးချိုးမဟုတ်
လေးချိုးမမှီ တေးထပ်မဆို
မော်ဒန်မဆန် အဲ အိုင် တျာမဟုတ်
ကိုယ့်ရင်ဘတ်နဲ့ ကိုယ် အလုပ်ရှုပ်ခဲ့တယ်
(တကယ်ဆိုရင်……..)
မတောက်တခေါက်တေးသွားလေးတွေနဲ့ 
ဟိုးးးးးးးးးအဝေးကသစ်ပင်လေးကိုပဲတမ်းတ
ဝိသေသထူးတွေနဲ့  လွမ်းနေခဲ့မိတာပါဗျာ…………..။
                                                  မိုးထက်အောင်
In: ကဗျာ Posted By: Date: Jan 23, 2012
Comment #1
ကောင်းလိုက်တဲ့ကဗျာလေးဗျာ
အထူးအားကျလေးစားနေလျှက်
commentinfo By: အသဲကွဲမိုး at Jan 23, 2012
Comment #2
wow,,,,,,,,,,,,
so nice.
how’s ur health?
r u fine?
take care more.
commentinfo By: ei lay at Jan 23, 2012
Comment #3
ကဗျာထဲကလူ
(တစ်ချို့ ပြောတော့…..)
ကဗျာထဲက မဟုတ်တဲ့လူ
(တစ်ချို့ ပြောတော့……)
လူမဟုတ်တဲ့ လူ
(ဘာပဲပြောပြော……)
သစ်ပင်လေးကိုတမ်းတ
ဝိသေသထူးတွေနဲ့  လွမ်းနေခဲ့ရပြီ
commentinfo By: zawthetoo at Jan 24, 2012
Comment #4
တစ်နိုင်တစ်ပိုင်ရင်ဘတ်နဲ့  ကဗျာတွေရေးဖွဲ့ 
ဘယ်သူ့ ခေါင်းစဉ် ဘယ်သူ့ စာသား
ဘယ်သူ့ နည်းနာ ဘယ်နှစ်ပါဒ
နာမည်တွေတော့မတပ်လိုက်ကြပါနဲ့ 
commentinfo By: May Kha at Jan 24, 2012
Comment #5
အားလုံးကိုကျေးဇူးတင်ပါတယ်
commentinfo By: moehtetaung18 at Jan 25, 2012
Comment #6
ရင်ထဲကိုအကြီးကြီးထိသော ဘယ်နှစ်ခါမှန်းမသိအောင် ခဏခဏ ရှာဖွေခံစားမိသော ကဗျာလေးပါ
commentinfo By: ei lay at Feb 11, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment