Professional Authors

မပြောမဖြစ်…..ပြောရပြန်ပြီ (မိုးထက်အောင်)

ညတွေရဲ့ပိန်းပိတ်မှုတွေထဲ ဘ၀တွေမှောင်တယ်
မွတ်သိပ်မှုတွေထဲ စကားလုံးနဲ့ အလင်္ကာတွေခြောက်ကပ်
ကျွန်တော်လွယ်ပိုးထားတဲ့အထုပ်လေး ဖြည်ချလိုက်တော့မယ်
(မတိုင်းနဲ့  မနှိုင်းနဲ့ )
ရာဇ၀င်တွေရိုင်းသွားလောက်အောင်လူဖြစ်ရှုံးမယ်
ဝါဒတွေ မာနတွေနဲ့ ခုတ်ထစ်
အဲဒီ့စကားစစ်တွေ အခုရပ်ကြပါတော့
မပြောချင်ဘူး…..မပြောချင်ဘူး
ကျွန်တော်မပြောချင်ဘူးလို့ ခဏခဏပြောထားတယ်လေ
(ပြောချင်အောင်မလုပ်ကြပါနဲ့ …..)
တစ်ခရီးထဲသွားတွေပဲ
ကူဖော်လောင်ဖက်မဟုတ်ခဲ့ရင်တောင်
သွားဖော်သွားဖက်အသိ သတိပြုသင့်တယ်
ကမ္ဘာကနည်းနည်းစောင်းတယ်
အမြင်တွေလည်းစောင်းချင်စောင်းမယ်
ဒီလမ်းလေးကိုတော့ကောင်းအောင်ပြုပြင်ပေးကြပါ
(အမှိုက်မပစ်ရ….)
ခေါင်းအုံးတစ်လုံးထဲအတူတူအိပ်ပေမယ့်
အိပ်မက်ချင်းတော့တူချင်မှတူလိမ့်မယ်
နတ်သမီးအိပ်မက်မက်ခွင့်ရှိသလို
တေလေအိပ်မက်လည်းမက်ခွင့်ရှိတယ်
ဆင်တူမက်မိတဲ့အိပ်မက်လည်းဖြစ်ချင်ဖြစ်မယ်
တစ်ဖက်သတ်ကောက်ချက်နဲ့ကိုယ်ပြောတာအမှန်ဆိုရင်တော့
ကဗျာကို က ကြီးနဲ့ မစနဲ့ 
လက်ချိုင့်ကို ယပင့်နဲ့ ရေးချ မထည့်နဲ့ 
အဲဒါဆိုရင်တော့ခင်ဗျာပြောတဲ့အတွေးနဲ့ သွားတည့်မယ်
ဒါမှကြိုက်တယ်ဆိုရင်တော့ လမ်းကြောင်းအသစ်ဖောက်
ခင်ဗျားအတွက်ရှေ့ မှာ ဆူးညှောင့်တွေရှိတယ်
(ကြားဖူးမှာပေါ့….)
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုတာ
ငါးခုံးမလည်းအဖြစ်မခံနဲ့ 
လှေလည်းအပုတ်မခံနဲ့ 
ငါးပိရည်ကျိုမှကြိုက်တယ်ဆိုရင်တော့
ဒီက၀က်သား ခင်ဗျားလာလဲမစားနဲ့ 
နာမည်တွေ ၀ါဒတွေ သီအိုရီတွေနဲ့ 
မပိန်းနဲ့  မပိတ်နဲ့ 
မဖိနဲ့ မနှိပ်နဲ့ 
မချည်နဲ့  မနှောင်နဲ့ 
မယူနဲ့  မငင်နဲ့ 
အရင်ကဟင်းလင်းပြင် သူ့ အသွင်အပြင်နဲ့ သူရှိပါစေ
နာမည်ကျော်ကြား လူကြိုက်များချင်ရင်တော့
(လာ……ဗီနိုင်းလုပ်)
စာလုံးကြီးကြီးနဲ့ ထုတ်ပေးမယ်……..။                  ။

                                                မိုးထက်အောင်

In: ကဗျာ Posted By: Date: Jan 24, 2011
Comment #1

မိုက်တယ်ဗျာ……လူတော်ပဲ (ငါ့လောက်နီးနီး)… 😛

commentinfo By: အသဲကွဲမိုး at Jan 24, 2011
Comment #2

အမ်……
ကျေးဇူးအ၇မ်းတင်တယ်ဗျာ…..
🙂

commentinfo By: moehtetaung18 at Jan 24, 2011
Comment #3

ဝေးးး……ကဗျာ ပြန်ဖတ်ရပြီ..ငါ့အစ်ကို အားပေးသွားတယ်ဗျ…မိုက်တယ်
🙂

commentinfo By: သားသား at Jan 24, 2011
Comment #4

အရမ်းကောင်းတယ်ဗျာ ကိုမိုးထက်ကြီး ကြိတ်ထား အမြဲအားပေးနေတယ်ဗျ

Comment #5

har………..
a yan mike de.
he,,he,,,
yan phyit de style ka a lan pe.
mike hma mike.

commentinfo By: ei lay at Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment