Professional Authors

နေပါစေတော့

ချစ်တယ်ဆိုတိုင်း လက်ခံရအောင်
ငါက မင်းထင်သလို လူမျိုးမဟုတ်ဘူး…….

သစ်ရွက်ကြွေတိုင်း ရင်ခုန်နေတဲ့မင်းနှလုံးသား
ခွေးကျွေးတောင် မစားဘူး……….(ရွန်လို့တဲ့)

ယောက်င်္ကျားတကာကို လင်ခေါ်နေတဲ့ မင်း
စိတ်မှမှန်သေးရဲ့လား……ဟင်

မေ ခေါ်တိုင်း ရှင် ထူးနေတဲ့ မင်း
အပျိုမှစစ်သေးရဲ့လား………ဟင်

ကားတိုင်းကို လိုက်နေတဲ့မင်းက
ဖြူစင်ပါတဲ့လို့ပြောရင်
ရှုးလို့ပြောတာပဲ လို့ငါထင်တယ်……….

ရုပ်လှပေမဲ့လည်း စိတ်မလှတဲ့မင်း
မာယာလမ်းမှာ ပျော်နေတာကို
နတ်ပြည်မှာ ပျော်နေရတယ်လို့ထင်ရင်
မင်းရှုးမယ်………….

ငါဘက်ကတော့ စေတနာ
ခံယူမတတ်တော့ မင်းမှာဝေဒနာ
ပြောပြန်ရင်လည်း မကြိုက်ကွာ
ကိုယ့်ဘဝနဲ့ကိုယ့် နေတော့ကွာ…………

နုနဲလွန်းတဲ့ ငါနှလုံးသား
သနားမိတော့ ခက်သားလား……………………
နေပါစေ
ပျော်ပါစေ..အမိ
အရိုင်းတောထဲမှာ ပန်းဖြစ်ရတဲ့ အမိဘဝ
ဒီဘဝ ဒီမျှနဲ့ပဲ ပြီးပါစေတော့…………….

တောင်းဆိုမှုကြောင့် ရေးခြင်းသာတည့်…………..
                                                          စိုး…………………..

In: ကဗျာ Posted By: Date: Jan 20, 2012
Comment #1

မေ ခေါ်တိုင်း ရှင် ထူးနေတဲ့ မင်း
အပျိုမှစစ်သေးရဲ့လား………ဟင်
(ဒီလိုအရေးအသားမျိုးကို ကျွန်တော် မနှစ်သက်ဘူး)..

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #2

အစ်ကိုလား ညီလားတော့မသိဘူးနော်။ အသဲကွဲမိုးရေ…….ကျနော်ရေးတာတော့မဟုတ်ပါဘူး……..
အောက်မှာ တောင်းဆိုမှုကြောင့်ရေးရတာပါလို့ ရေးထားပါတယ်။ ရိုင်းတဲ့ဘက်ကမစဉ်းစားပါနဲ့။ သူကို ဖဲ့တာမဟုတ်ပါဘူး။ မခံစားနိုင်တဲ့ နှလုံးသားတစ်စုံအတွက်မို့ ရှေ့မျက်နှာ နောက်ထားရေးရတာပါ။ မှားသွားရင်တော့ ဆောရီး………..ပိုင်ရှင်တော့ မပြောတော့ဘူးနော်။ ခံစားချက်တွေ ပြင်းထန်လွန်းနေတဲ့ သူမို့။ စိတ်ကျေနပ်အောင် ရေးမိတာပါ။ အဲဒီလိုပြောတာ ကျေးဇူးတင်ပါတယ်။

commentinfo By: soe at Jan 20, 2012
Comment #3

ကျွန်တော့် ရဲ့ ဝေဖန်မှုအတွက်လည်း … sorry ပါ..ကျွန်တော် တကယ့်ကို လုံးဝ မနှစ်သက်မိလို့ ထုတ်ပြောလိုက်တာပါ ..
ကျွန်တော်က ဝေဖန်လေ့ရှိသူမဟုတ်ပါဘူး.နားလည်ပေးလို့ ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Jan 20, 2012
Comment #4

အရိုင်းတောထဲမှာ ပန်းဖြစ်ရတဲ့ အမိဘဝ
ဒီဘဝ ဒီမျှနဲ့ပဲ ပြီးပါစေတော့…

commentinfo By: kantkawmg at Jan 20, 2012
Comment #5

မိုက်တယ်ဗျာ ကောင်းတယ်တော်တော်လေး အားပေးသွားပါတယ်
အခုမိန်းကလေးတိုင်းကအဲ့လိုဖြစ်နေတယ်ဗျ ………….
ကျွန်တော့် အထင်ကိုပြောတာပါ

commentinfo By: arkar at Jan 20, 2012
Comment #6

ထိလည်း ထိတယ်ဗျာ။
တတ်လည်း တတ်နိုင်တယ်။ 😀

commentinfo By: gadounlay at Jan 20, 2012
Comment #7

မကြိုက်ဖူးဗျာ
ဒါကဗျာမဟုတ်ဘူး…………
ဒါခံစားချကိကို ခုတုံးလုပ်ထားတာ
မရေးင့်ဘူး……….
မရေးတတ်ပဲရေးနေတာလို့ထင်တယ်

commentinfo By: ရွှေကြယ်မိုး at Jan 21, 2012
Comment #8

ကိုအာကာ.။ ဒီကဗျာလေးကိုအားမပေးပဲနေမလို့ပါ…….ကိုအာကာကော်မန့်က အမျိုကောင်းသမီးတွေကိုစော်ကား
သလိုဖြစ်နေတယ်………… ကိုယ့်စကားကိုပြန်ပီးတာဝန်ယူပါ…………

commentinfo By: May Kha at Jan 21, 2012
Comment #9

ကျနော် အားလုံးကိုယ်စား တောင်းပန်ပါတယ်….ကျနော မရေးတတ်လို့ပါ။ ဒါပေမဲ့ ကဗျာဆရာတော့မဟုတ်ပါဘူး။ ပရိတ်သတ် တောင်းဆိုမှုကို လွန်ဆန်ရင်တော့ မကောင်းဘူးဆိုတာ သိပါတယ်နော်။ ကျနော်လည်း အောက်ဆုံးမှာ ရေးထားပါတယ်။ အချင်းချင်း ပြသနာမဖြစ်စေပါနဲ့ဗျာ။ အားမပေးချင်ရင်လည်းနေပါ။ တောင်းဆိုမှုကိုတော့ ကဗျာဆရာတစ်ယောက်အနေနဲ့ ငြင်းပယ်ဖို့မသင့်တော်ဘူးဆိုတာ အစ်ကိုတို့၊ညီလေးတို့၊ အစ်မတို့၊ ညီမလေးတို့ အားလုံးသိကြမယ်လို့ ကျနော်မြင်ပါတယ်။

commentinfo By: soeoo at Jan 21, 2012
Comment #10

ကဗျာကို တတိနိုင်သမျှထိန်းပါဗျာ
အခုဟာက ပုဂိုလ်ရေး အရမ်းဆန်သွားတယ်
ဆော်ကားတာမဟုတ်ပါဘူး
ဒီလိုကဗျာတွေ ပြန့်ပွားလာမှာမလိုလားလို့ပါ

commentinfo By: ရွှေကြယ်မိုး at Jan 21, 2012
Comment #11

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအတွက်ကတော့ ပိုစ့်မော်ဒန်ဟန်နဲ့ဘယ်လိုမှအဆင်မပြေနိုင်ဘူးထင်မိ။
(ဖတ်ရတာအဆင်လုံးဝမပြေလှ)
တိုက်ခိုက်မှုဟန်စကားလုံးပြင်းထန်မှုအတွက်အလေးပေးပါက LP နှင့်ပိုအဆင်ပြေမည်ထင်သည်။

commentinfo By: nay-paing at Jan 22, 2012
Comment #12

ကောင်းတယ်အကို ဒီ လို ခပ်ပျင်းပျင်းစာတွေကိုအား ပေးနေမယ် နောက်ထပ်ရေး ရင်လဲ အားပေး ပါမည်~~~~~~~~

commentinfo By: never at Jan 22, 2012
Comment #13

hote de,,
hote de,,,
dar dot daw daw sate pyat phoe kaung de,,
lant de,,lant de,,
waung waung shay tint de,,
right,,right,,

commentinfo By: ei lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment