Professional Authors

လူကြမ်း

အထပ်ထပ်အခါခါ ဝေခွဲမရ
အိပ်မက်ထဲမှာတောင် ကြေကွဲရတဲ့ ဇါတ်လမ်းမှာ…
ကိုယ်ဟာ လူကြမ်းပါ။ ။

လူမစွမ်းတော့ နတ်မသတဲ့
ကိုယ့်ဘဝမှာ မတွေ့ ခဲ့ရဖူး။ ။

ပရိတ်သတ်ရဲ့ အမနာပပြောသံကြားမှာ
ဒေါမာန်ပွါးတာတွေ အသာထား
လူကြမ်းဆိုတဲ့ စကားအရ
တစ်ပွဲတစ်လမ်းတော့ ထပ်ကြမ်းချင်ကြမ်းရမယ်။ ။

ဇါတ်လမ်းရဲ့ အတက်အကျမှာ
မှေးတစ်ခါ မှိန်တစ်လှည့်ပေမဲ့
ဇါတ်လမ်းဆုံးရင်တော့…..
လူကြမ်းဆိုတာ….. ပြည်ဖုံးကားချရစမြဲ။ ။
စစ်အေးငြိမ်း

In: ကဗျာ Posted By: Date: Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment