Professional Authors

ရပ်ဝန်းတစ်ခုထဲကရင်

ကြာကြာဝါးဖို့ အရိုးကြည့် ရှောင်တာလား
မာယာများလို့ တစ်မျိုးရှိတာကို
နောက်တစ်မျိုးနဲ့ ရောစပ်
ရသအမျိုးမျိုးနဲ့ လမ်းခွဲစကားဆိုနိုင်သူရေ
ငါ့ ဟာမနေ့ ကနဲ့ ဒီနေ့ ခွဲခြားဖို့ တောင်
မင်းကိုလိုအပ်နေချိန်ပါ
အချစ်ဆိုတာစာလုံးတွေအဖြစ်ချရေးဖို့ လောက်နဲ့ 
ခမ်းနားသောပြည့် စုံခြင်းနဲ့ ပြည့် စုံပြီလို့ 
ယူဆခဲ့ လေသလား
တစ်ကယ်ဆို
ခံစားရတာချင်းအတူတူ
ငါကပိုခံစားရမယ်ဆိုတာ
ငါပဲသိတယ်
ငါကချစ်တယ်လို့ မင်းကိုပြောတာ
မင်းကခေါင်းညိတ်တယ်
မင်းကမေ့ မယ်လို့ ပြောတာကိုငါက
အသည်းနှလုံးနဲ့ နားထောင်ရတာမို့ ပါ
မင်းပျော်နေလားငိုနေလားငါမသိရဘူး
ငါငိုနေတာတော့ မင်းသိအောင်ကဗျာတွေက
ပြောပြလိမ့် မယ်
အဲ့ လိုအတ္တတွေနဲ့ မို့ 
ငါ့ ကဗျာတွေတောင်အရောင်အဆင်းမရှိတော့ ပါဘူး
ရိုကျိုးစွာတောင်ပန်ပြီးပြန်လာပါလို့ ပြောဖို့ လဲ
ငါ့ မာနကခွင့် မပြု
မင်းကိုတော့ ချစ်တယ်
မင်းအချစ်ကိုမုန်းတယ်ကွယ်

                                မင်းလူန

In: ကဗျာ Posted By: Date: Jul 18, 2010
Comment #1

ကောင်းလိုက်တာနော် … မင်းကိုတော့ချစ်တယ်တဲ့။
မင်းအချစ်ကိုတော့မုန်းတယ်တဲ့ ..ဘယ်လိုကြီးလဲသိဝူး …ဟိဟိ

commentinfo By: chityellusoelay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment