Professional Authors

နံရိုး

နင်မျှော်လင့်မထားမှန်းလည်း
ငါသိတယ် ချစ်သူ….
ဘယ်သူမှ မတိုက်တွန်းရပါဘဲ
ပျိုးခဲ့မိတယ်
ငါ့စိတ်ထဲမရတဲ့ နောင်တနဲ့
နင်ဖွင့်မပြောခဲ့တဲ့ အမှားအမှန်ဆိုတာတွေ
ရှိခဲ့မယ်ဆိုလည်း
သင်္ချာပုစ္ဆာလို ကြေမယ်
နင့်ဆန္ဒမပါဘူးဆိုရင်
အချစ်ကို အလိုက်တသိနဲ့ပဲ
ကိုယ်တိုင် ကြက်ခြေခတ်ပေးမယ်
ပိုင်ဆိုင်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပေမယ့်
ဝေးဖို့သတ္တိမမွေးရသေးလို့
ဖွင့်မပြာဖြစ်တာပါ
ပေးတိုင်းမကောင်းတာလေး
ထပ်ပေးဦးမယ် ချစ်သူ
မပိုင်ဆိုင်ရရင်တောင်
ငါ… အစားမထိုးပါဘူးလို့……..

In: ကဗျာ Posted By: Date: Jan 15, 2012
Comment #1

ne ne lay shoke nay ta lo be,,
he,,he,,
ei lay tate p nar ma le bu

commentinfo By: ei lay at Jan 15, 2012
Comment #2

အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 16, 2012
Comment #3

ဟုတ်ကဲ့….
ကျွန်တော်…… ဘယ်လိုပြောရမလဲ
သူနဲ့ကျွန်တော့်အကြောင်းသိရင်တော့ ဒီကဗျာလေးက ဖတ်လို့ကောင်းပါရဲ့

မသိသူများအတွက် အားနာပါတယ်ဗျာ……..

(တစ်ယောက်နဲ့တစ်ယောက် ပြောသင့်တာတွေမပြောဖြစ်တုန်းက ရေးထားခဲ့လို့ပါ)
thanks to all!

commentinfo By: A-xiom at Mar 15, 2012
Comment #4

a khu nar le twar par p.
a khu khan sarr loh nar le twar par p.

commentinfo By: ei lay at Jul 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment