Professional Authors

ပြုံးချို – နရီထက်

ပေါက်ကွဲမယ့်ဟန် တကဲကဲ
မီးတောင်အိုက ပြာပုံဖြစ်မယ် တဟဲဟဲ

ပင်လယ်ရေပြန် ဆားငန်ရေလှန်း
အခွန်တော်ရယ် လွတ်ရရယ်မှန်

တိမ်တော်ကို စီး အခမဲ့ခရီး
အိမ်မက်တွေ ၀ယ်နှင့်ဖို့ တွဲစီးရပြန်

အယောင်တော်ခြောက်ဆယ် စိတ်ကူးတော် ရူးမယ်
သက်တံရောင်ကို ဧည့်သည် ဖိတ်ထားတယ်

မိုးကြိုးနှင့်တံလျှပ် ငယ်ရောင်ရင်း
ငယ်နိုင်တော် ဒီမြေပြင်အား တန်ခိုးတွေ ပစ်ချမယ့် တရင်းရင်း

ကမ္ဘာကြီးအကြောင်း တိုးရာကောင်း
ကိုယ့်ကိုကိုယ်ကြောင်း မေ့ကောင်းကောင်း

စစ်ပွဲအကြောင်း ငြိမ်းချမ်းရေးလောင်း
မကြေပွဲတွေ ရပ်မကောင်း

ငိုစရာတွေကုန် နလုံးဗလာကျင်းတောင်
လူရွှင်တော်တွေဆီမှာ ပြက်လုံးအသစ်တွေ ရှိနေအုန်းမယ်။     ။

နရီထက်
( ၁၂ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 12, 2012
Comment #1

ပေါက်ကွဲမယ့်ဟန် တကဲကဲ
မီးတောင်အိုက ပြာပုံဖြစ်မယ် တဟဲဟဲ…..

ငိုစရာတွေကုန် နလုံးဗလာကျင်းတောင်
လူရွှင်တော်တွေဆီမှာ ပြက်လုံးအသစ်တွေ ရှိနေအုန်းမယ်

ကဗျာလေးကောင်းတယ်ဗျ၊အားပေးသွားတယ်နော်

commentinfo By:့ harris at Jan 12, 2012
Comment #2

ဟာမိုက်တယ်ဗျာ ရေးထားတဲ့ ကာရန် နံဘေလေးတွေ ရေးထားတာလေး ကိုသဘောကျတယ်။

တိမ်တော်ကို စီး အခမဲ့ခရီး
အိမ်မက်တွေ ၀ယ်နှင့်ဖို့ တွဲစီးရပြန်

ကမ္ဘာကြီးအကြောင်း တိုးရာကောင်း
ကိုယ့်ကိုကိုယ်ကြောင်း မေ့ကောင်းကောင်း

ငိုစရာတွေကုန် နလုံးဗလာကျင်းတောင်
လူရွှင်တော်တွေဆီမှာ ပြက်လုံးအသစ်တွေ ရှိနေအုန်းမယ်။ ။အားပေးသွားတယ်…..

commentinfo By: thuya at Jan 12, 2012
Comment #3

သိပ်ထက်တဲ့လက်

commentinfo By: အသဲကွဲမိုး at Jan 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment