Professional Authors

သံချပ်ကာနှင့်လူ – နရီထက်

မိုးပေါ်က ကျလာတာ မဟုတ်ဘူး
ဘုရားပေးတဲ့ လက်ဆောင်မဟုတ်မှန်းသိရင်တောင်
အမြတ်တနိုးနှင့် သိမ်းဆည်းထားလိုက်တယ်

လုံခြုံမှုကို အကြောင်းပြ
ဝန်ထုပ်ဝန်ပိုးတွေ ပိရင်တောင်
အနားနားမှာ မပစ်ပယ်ခွာနိုင်တယ်
အသက်အန္တရာယ်အတွက်ရယ်

ပေါ့ပါးတဲ့စိတ်တွေက မလွတ်လပ်နိုင်တော့ဘူး
ဘ၀အတွက် စိတ်တွေက အသက်မှန်မှန်ရှုပေးနေရတယ်
နှစ်ခါမသေချင်တဲ့ စိတ်တွေက အပြန်ပြန်သေချင်စိတ်ပေါက်နေတယ်

တစ်ခါတည်းနှင့် သေရင်တောင် ကံကောင်းတဲ့
ဒိုင်းလွှာတွေက
ကိုယ်တစ်ကိုယ်အတွက် မြဲမြံပါတယ်
နှစ်ခါသေချင်တဲ့စိတ်တွေကို ဘေးဖယ်ထားတတ်ကြတယ်

ဘေးပတ်လည်က လုံခြုံနေပေမဲ့
အတွင်းစိတ်တွေက သစ္စာဖောက်နေသလိုပဲ
ဇောချွေးကပ်နေတဲ့ ကတိခံလွှာတွေက
မားမားကြီးရပ်တည်နေပါတဲ့

စစ်မြေပြင်အက်ကွဲကြောင်းကြားမှာ
ငြိမ်းချမ်းရေးကို လက်ဖြန့်ခံတောင်းနေတာတောင်
နောက်ဆုံးညည်းတွားသံတွေက
ငါ…. မသေရဘူး
ငါ… ငါ…
မ…
သေ…
ရ…
ဘူး…………ဘူး……………။      ။ 

နရီထက်
( ၂၉ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 29, 2011
Comment #1

ခင်ဗျားမှာ မပြီးဆုံးသေးတဲ့ လုပ်စ၇ာတွေ တစ်နေရာရာမှာ ၇ှိနေတာထင်တယ်။ ကိုငှက်ကြီးလဲ ပြောခဲ့ပါတယ်.. အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတဲ့ နေ့ရက်ရှည်တွေထဲ…. တဲ့..။ တစ်နေ့တော့ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

ခင်တဲ့
မိုးလူ

commentinfo By: မိုးလူ at Jul 29, 2011
Comment #2

လုံခြုံမှုကို အကြောင်းပြ
ဝန်ထုပ်ဝန်ပိုးတွေ ပိရင်တောင်
အနားနားမှာ မပစ်ပယ်ခွာနိုင်တယ်
အသက်အန္တရာယ်အတွက်ရယ်တစ်ခါတည်းနှင့် သေရင်တောင် ကံကောင်းတဲ့
ဒိုင်းလွှာတွေက
ကိုယ်တစ်ကိုယ်အတွက် မြဲမြံပါတယ်
နှစ်ခါသေချင်တဲ့စိတ်တွေကို ဘေးဖယ်ထားတတ်ကြတယ်

ဘေးပတ်လည်က လုံခြုံနေပေမဲ့
အတွင်းစိတ်တွေက သစ္စာဖောက်နေသလိုပဲ
ဇောချွေးကပ်နေတဲ့ ကတိခံလွှာတွေက
မားမားကြီးရပ်တည်နေပါတဲ့

စစ်မြေပြင်အက်ကွဲကြောင်းကြားမှာ
ငြိမ်းချမ်းရေးကို လက်ဖြန့်ခံတောင်းနေတာတောင်
နောက်ဆုံးညည်းတွားသံတွေက
ငါ…. မသေရဘူး.အဲ့အပှဒ်လေးတွေကိုကြိုက်တယ် ကိုကြိး ကဗျာ ကဆန်းတယ်နော် .ဖတ်ရတာ နဲ့ တင်အားရှိသွားတယ်။

commentinfo By: thuya at Jul 29, 2011
Comment #3

တစ်ခါတည်းနှင့် သေရင်တောင် ကံကောင်းတဲ့
ဒိုင်းလွှာတွေက
ကိုယ်တစ်ကိုယ်အတွက် မြဲမြံပါတယ်
နှစ်ခါသေချင်တဲ့စိတ်တွေကို ဘေးဖယ်ထားတတ်ကြတယ်

ဘေးပတ်လည်က လုံခြုံနေပေမဲ့

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #4

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံး ကို ကျေးဇူး အထူးပါ…

commentinfo By: Nayihtet at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment