Professional Authors

ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်

တစ်ဘ၀လုံးစာချစ်ခဲ့တာကို
တခဏတာအတွင်း
နင်ချိုးဖောက်ခဲ့တယ်။
နင့်နင့်နဲနဲ ချစ်ခဲ့လို့
ရင့်ရင့်သီးသီးနဲ့ စွန့်ပြစ်ခံခဲ့ရတယ်။
ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့
မျှော်လင့်ခြင်းတွေ အပြီးသတ်ဖို့
ရင်ထဲကခံစားချက်ကို
ဦးနှောက်နဲ့စဉ်းစား
နှလုံးသားနဲ့ဆုံးဖြတ်ပြီး
နင့်အတွက်အချစ်ဆိုတဲ့အရာကို
ငါထာဝရ သေမိန့်ချလိုက်တယ်။

First Love ဆိုတာ
မေ့ဖို့ခက်တယ်တဲ့။
သံယောဇဉ်လက်ကျန်နဲ့
ပျောက်ပျက်မသွားနိုင်တဲ့
ဟိုအရင်က အချစ်တွေအတွက်
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာလေးတစ်ခုမှာ
နင့်အချစ်လေးတွေ မြုပ်နှံထားလိုက်တယ်။

ခုတော့ . . . ငါက . .
နင့်လွမ်းမိုးမှုတွေကိုဖြေဖျောက်
အလွမ်းတွေကိုသိမ်း
သတိယခြင်းတွေကိုပယ်
တမ်းတခြင်းတွေကိုမေ့
မျော်လင့်ခြင်းတွေကိုပြစ်
နှလုံးသားကို ရာသက်ပန် သော့ခတ်လို့
အနာဂတ်အတွက်
င့ါလမ်းငါဖောက်
င့ါပန်းတိုင်ကို ငါ့ဖာသာလျှောက်မယ်။

နေ၀န်းနီနီ

In: ကဗျာ Posted By: Date: Jan 3, 2012
Comment #1

wow,,,
nice poem.

commentinfo By: ei lay at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment