Professional Authors

မျက်ရည်တချို့အတွက် ဆုံးဖြတ်ချက်….။

နင် မေ့ပြစ်ချင်တဲ့အခါ
အကြောင်းပြချက်တို့ ငါမမေးပါဘူး….
ရိုးရိုးလေးပဲ နှုတ်ဆိတ်နေလိုက်မယ်
ရင်ထဲက ကြေကွဲခြင်း
နင့်အတွက် ဘယ်လောက်မှလည်း အရေးမကြီးတော့ဘူးပေါ့….။

အရူးတစ်ယောက်လို အဖြစ်တွေနဲ့
နင် ချစ်ချင်တဲ့အခါ
ပိုပို သာသာ ပျော်မြူး
နင် ပစ်ပယ်တဲ့အခါ
ဆွံ့ဆွံ့အအ အဖြစ်ဆိုးမျိုးတွေနဲ့
လည်ပတ်ခဲ့တဲ့ အကြိမ်ကြိမ်…..
ငါက နင့်အတွက်ဆို ဘာမှ မဟုတ်တဲ့ မိန်းမတစ်ယောက်ပါ…။

နင် သိခဲ့ရဲ့လား….?
လက်ရှိမှာ ငါ ပေးဆပ်နိုင်တာ
နင့်ကိုပဲ သတိရ
သစ္စာတွေသာ အားပြုထားရင်း
အဝေး အဝေးမှာ…နင် ဘာဖြစ်ဖြစ် ချစ်နေတတ်ခဲ့တယ်ဆိုတာ….။

နင် ပြန်အလာကို တံခါးဖွင့်
ပျော်ရွှင်စွာ ကြိုဆိုခဲ့တာ
ငါ အမှတ်မဲ့နိုင်တယ်လို့ နင်ထင်နိုင်တယ်….
အချစ်တွေသာ နေရာယူထားလို့ပါ လို့
တစ်ဖတ်သတ်ဆန်စွာ
အသိမပေးချင်တော့ပါ….။

တစ်နေ့နေ့ကို မျှော်လင့်ခဲ့တဲ့ငါ
ရင်ဆိုင်ရသမျှ မမျှတခဲ့
ငါ နားလည်ပေးပါတယ်….
ဒါဟာ ဒီလိုကြောင့်ဆိုတဲ့
ယူဆမှုတွေ ပါဝင်တဲ့ နင့်စကားသံတွေကို…။

“နင် မို့လို့ မေ့ရက်တယ်” လို့ ငါပြောတဲ့အခါ
“ငါ ဖြစ်နေလို့ မေ့ခဲ့တာပါ” လို့
နင် ၀င့်ကြွားစွာ ပြောနိုင်ပါတယ်…
တကယ်တော့ ငါက….
မဖြစ်နိုင်တာကို မှန်း……မဖြစ်သင့်တာကိုပဲ
စိတ္တဇဆန်စွာ….မျောလွင့်ချင်ခဲ့မိသူ…။

ငါ ဘာမှ…….မတောင်းဆိုလိုတော့ပါ
နင် မပါဝင်ချင်တဲ့ နေ့ရက်တွေ ရွေးချယ်
ဆိုင်သူမဲ့ တမ်းတခြင်းတွေသာ ငါ့ကို ကယ်ဆယ်စေတော့မှာမို့
လုံလောက်ပါပြီ
ဒီဝေဒနာအချို့
အချိန်ကာလတွေထဲမှာပဲ…..ငါ……..
တစ်ယောက်တည်း ငိုပွဲဝင်…..
ကြွေလွင့်လိုက်ချင်ပါတော့တယ်….။  

နင် ဆိုတာ ရှိနေခြင်းအတွက်(ငါ့ရဲ့ အဝေးမှာ)
လိုအင်တွေလည်း ဖန်ဆင်းနိုင်လိမ့်မယ်….
ဘယ်ရင်ခွင်နဲ့မှလည်း…..
မသာယာလိုခဲ့……..
ကဗျာဆန်နေပါ့မယ်…….နင် ပေးတဲ့ အထီးကျန်ခြင်းတွေ နဲ့ပေါ့ဟာ….။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

အားပေးသွားတယ်နော်……….

commentinfo By: May Kha at Sep 1, 2011
Comment #2

နင် မို့လို့ မေ့ရက်တယ်” လို့ ငါပြောတဲ့အခါ
“ငါ ဖြစ်နေလို့ မေ့ခဲ့တာပါ” လို့
နင် ၀င့်ကြွားစွာ ပြောနိုင်ပါတယ်…
တကယ်တော့ ငါက….
မဖြစ်နိုင်တာကို မှန်း……မဖြစ်သင့်တာကိုပဲ
စိတ္တဇဆန်စွာ….မျောလွင့်ချင်ခဲ့မိသူ…။

commentinfo By: May Kha at Sep 1, 2011
Comment #3

တစ်နေ့နေ့ကို မျှော်လင့်ခဲ့တဲ့ငါ
ရင်ဆိုင်ရသမျှ မမျှတခဲ့
ငါ နားလည်ပေးပါတယ်….
ဒါဟာ ဒီလိုကြောင့်ဆိုတဲ့
ယူဆမှုတွေ ပါဝင်တဲ့ နင့်စကားသံတွေကို…။
မကေ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 1, 2011
Comment #4

လုံလောက်ပါပြီ
ဒီဝေဒနာအချို့
အချိန်ကာလတွေထဲမှာပဲ…..ငါ……..
တစ်ယောက်တည်း ငိုပွဲဝင်…..
ကြွေလွင့်လိုက်ချင်ပါတော့တယ်….။ကောင်းဗျာ… =)
မရောက်တာကြာလို့လာ မသိ
အခုတလော အသဲကွဲကဗျာတွေ များနေပါလား..

commentinfo By: ဖိုးနမ်း at Sep 1, 2011
Comment #5

nice…
i agree with u.
min hma min pe.
min ta yout de ko chit tar.
min ta yout de a twat tit sar shi nay hmar.

commentinfo By: ei lay at Sep 1, 2011
Comment #6

ဟုတ်တယ်….ဖိုးနမ်းရေ….ကဗျာတွေက အက်သံပါနေတယ်….
အားပေးကြတာကျေးဇူးနော့
သယ်ရင်းအားလုံး….။

commentinfo By: ကေသရီ at Sep 2, 2011
Comment #7

အရူးတစ်ယောက်လို အဖြစ်တွေနဲ့
နင် ချစ်ချင်တဲ့အခါ
ပိုပို သာသာ ပျော်မြူး
နင် ပစ်ပယ်တဲ့အခါ
ဆွံ့ဆွံ့အအ အဖြစ်ဆိုးမျိုးတွေနဲ့
လည်ပတ်ခဲ့တဲ့ အကြိမ်ကြိမ်…..
ငါက နင့်အတွက်ဆို ဘာမှ မဟုတ်တဲ့ မိန်းမတစ်ယောက်ပါ…။
..ကေ..တပုဒ်လုံးကိုကြိုက်တယ်…..အဲဒါထက်လည်းပိုတယ်…ကေသိမှာပါ…..

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #8

ချုပ်တာ…ချုပ်တာ…အဲဒါ
မမိုးလျှောက်ပြောနေတာသိလား မယုံနဲ့နော်။…

commentinfo By: poem.poem28 at Sep 5, 2011
Comment #9

ကဗျာဆန်နေပါ့မယ်…….နင် ပေးတဲ့ အထီးကျန်ခြင်းတွေ နဲ့ပေါ့ဟာ….။

I believe that still now….:P
it is just kidding
So nice this poem….

commentinfo By: minmyat at Sep 30, 2011
Comment #10

နင် ပြန်အလာကို တံခါးဖွင့်
ပျော်ရွှင်စွာ ကြိုဆိုခဲ့တာ
ငါ အမှတ်မဲ့နိုင်တယ်လို့ နင်ထင်နိုင်တယ်….
အချစ်တွေသာ နေရာယူထားလို့ပါ လို့
တစ်ဖတ်သတ်ဆန်စွာ
အသိမပေးချင်တော့ပါ….။
အရမ်းကြိုက်တယ်

commentinfo By: heartless girl at Oct 5, 2011
Comment #11

nin pay de a hte kyan chin tway ne

commentinfo By: ei lay at Oct 27, 2011
Comment #12

အဝေး အဝေးမှာ…နင် ဘာဖြစ်ဖြစ် ချစ်နေတတ်ခဲ့တယ်ဆိုတာ….။
အရမ်းကြိုက်တယ်……ကဗျာတစ်ပုဒ်လုံးကို

commentinfo By: ကြယ်စင်နတ်သမီး at Dec 28, 2011
Comment #13

ကျွန်တော် ကြိုက်မိလိုက်သောကဗျာတစ်ပုဒ်ပါပဲ…အရမ်းကို……ကောင်းပါတယ်

commentinfo By: waiyan at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment