Professional Authors

ဆုံးဖြတ်ချက်

ဘယ်တော့မှမပြောင်းလဲတတ်ဘူး

နောက်ပြန်လှည့်ပြီးခြေရာကောက်တာမျိုး

လုံး၀၀ါဒနာမပါခဲ့ဘူး

ဒါကြောင့်

ဝေးကြမယ်လို့….ငါကပြောရင်နင်ယုံလိုက်

မေ့တော့မယ်…လို့ ငါကပြောရင်

နင် ဆိုတာငါ့စိတ်ထဲမှာမရှိစေရဘူး

တကယ်ချစ်ခဲ့တာပဲဖြစ်ဖြစ်

ငါ့ သည်းခံမှုတွေကဆုံးခန်းတိုင်သွားပြီ

ဒီတော့

နင့်ကို မချစ်တော့ဘူးလို့

ဒီနေ့ကစလို့

ငါ့ကိုယ်ငါတိုင်တည်တယ်

နင်ယုံလိုက်တော့

နင်နဲ့ငါဒီမှာပြီးပြီ။                    ။

In: ကဗျာ Posted By: Date: Jul 16, 2011
Comment #1

အိုး…တကယ်ပဲလား.စုနိုင်
လုပ်ရက်တော့မယ်ပေါ့

commentinfo By: poem.poem28 at Jul 16, 2011
Comment #2

စဉ်းစားနော်……ညီင်္မလေးးးးး

commentinfo By: May Kha at Jul 16, 2011
Comment #3

ဟီးဟီး…..အဲလိုပြောစရာရည်းစားကိုမရှိတာဗျ………..

commentinfo By: စုနိုင် at Jul 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment