Professional Authors

မိုးပြိုတဲ့နေ့ – နရီထက်

ဓါတ်မတည့်ခြင်း ရောဂါအစ
အနားမပေးနိုင်တဲ့ တွေးတောခြင်းနှင့် ပစ်ချလိုက်တော့
ကမ္ဘာကြီးက ယိုယွင်းပျက်စီးခြင်းဆိုပြီး
စွပ်စွဲချက်တွေ မှိုလိုပေါက် ပြန့်ကျဲ လွင့်စင် လာရတယ်
တစ်လောကလုံးကို မျက်စိတစ်ဆုံး ဆုံးဖြတ်ခွင့်မပေးတော့လည်း
အကြားအာရုံက အရှင်ဘုရင်ဖြစ်လာတယ်
ကောလဟာလကိုပဲ ပုဏ္ဍားတစ်သိုက်က နိမိတ်ဖတ်ကြားရပြန်တယ်
လုံးချာလိုက်နေတဲ့ ဟာသတွေကို အမြတ်ထုတ်ဖို့ တစ္ဆေခြောက်ခံထိကြတယ်
ရင်သပ်လိုက်တဲ့အခါ လူရွှင်တော်တဲ့လား
ပပီပြင်သေးတဲ့ အမှန်တရားကို ပြသနာမီးထွန်းရှာနေကြတုန်းရယ်
အိပ်ရေးပျက်တဲ့ ညတိုင်းမှာ လ သာနိုင်လို့လား
မဟောင်းတတ်တဲ့ စကားလုံးတွေက
အစွယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်နှင့် ကိုယ်စောင့်နတ်ကို
ခဏတာ ဖယ်ရှားခိုင်းနေပါလား။    ။

နရီထက်
( ၂၉ ၊ ဒီဇင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

စွပ်စွဲချက်တွေ မှိုလိုပေါက် ပြန့်ကျဲ လွင့်စင် လာရတယ်
တစ်လောကလုံးကို မျက်စိတစ်ဆုံး ဆုံးဖြတ်ခွင့်မပေးတော့လည်း
အကြားအာရုံက အရှင်ဘုရင်ဖြစ်လာတယ်

မဟောင်းတတ်တဲ့ စကားလုံးတွေက
အစွယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်နှင့် ကိုယ်စောင့်နတ်ကို
ခဏတာ ဖယ်ရှားခိုင်းနေပါလား။ ။ အဲ့အပှဒ်လေးတွေကြိုက်တယ် အားပေးသွားတယ်နော်

commentinfo By: thuya at Dec 30, 2011
Comment #2

အကြားအာရုံက အရှင်ဘုရင်ဖြစ်လာတယ်

ကောလဟာလကိုပဲ ပုဏ္ဍားတစ်သိုက်က နိမိတ်ဖတ်ကြားရပြန်တယ်

ပပီပြင်သေးတဲ့ အမှန်တရားကို ပြသနာမီးထွန်းရှာနေကြတုန်းရယ်

အိပ်ရေးပျက်တဲ့ ညတိုင်းမှာ လ သာနိုင်လို့လား…….

ကဗျားလေးကောင်းတယ်ဗျာ အားပေးသွားတယ်နော်

commentinfo By: harris at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment