ကိုယ့်ကိုယ်ကို သေမယ်ထင်လို့ မသေခင် ကိုယ်တိုင် လူခြေတိတ်ပစ်မိ
အတိတ်မေ့ရောဂါပျောက်ဖို့ ဆေးစားဆေးသောက်ကြသလို
အနာဂတ်မေ့ရောဂါရဖို့ ဘာဆေးသောက်ရင်ကောင်းမလဲ
မိသားစုတစ်ခုလုံးတိုက်ယူခဲ့ရတဲ့ဘွဲ့လက်မှတ်ဟာ
တစ်လလေးသောင်းခွဲပဲ တန်တယ်ဆိုပါတော့
ကျွန်တော့်ကို စီးမိုးကြည့်နေမယ့်ခပ်ထေ့ထေ့အပြုံးရိပ်တွေအောက်
ခြေသည်းခွံတစ်ခုကျရောက်ခဲ့ရင် ခြေထောက်ပါ ကျွန်တော် ဖြတ်ပစ်မယ်
ကဗျာဆရာကို နားမလည်ဘဲ ကဗျာဆရာဘ၀ကို သိမြင်ခဲ့တဲ့မိန်းကလေး
နှုတ်ခမ်းကြားမှာ ဓားပါးဝှက်ပြီး ကျွန်တော့်ကို နမ်းရှိုက်ထွက်ပြေးသွားခဲ့တယ်
ဝင်ငွေလည်ပတ်စီးဆင်းမှုသင်ခန်းစာကို မကျေညက်လို့
ဘ၀တစ်လျှောက်လုံး အမှန်ခြစ်လေးနဲ့ ဝေးခဲ့ရပါတယ်
ရေမှုတ်ရိုးကို အုန်းဆံကြိုးတပ်ပြီး ဂီတသံတွေ ခေါက်ချနေမိတာလား
ကွာရှင်းစာချုပ်ကိုသာ ငါ့ဆီ အမြန်ပို့လိုက်ကွာ
နားထင်မှာတေ့ထားတဲ့ယုံကြည်ချက်ကို ငါ မောင်းမဖြုတ်ခင်အချိန်မီ
ကိုသျှား
Comment #2
မှားမယ်မနတ်သမီးရေ . . .
ကျွန်တော်က ဘယ်လိုမှကို သဘောမထားခဲ့ပါဘူး
တကယ်ပါ
ကျွန်တော်ကတော့ အောင်လကို အစားထိုးမပြောပါဘူး
မှားခဲ့တယ်ဆိုရင် ကိုယ်တိုင်တောင်းပန်ပါတယ်ဗျာ
ချစ်ခင်လျှက် . . .
ကိုသျှား
By: ကိုသျှား at Feb 17, 2012
Comment #3
အဟာားးးး ဟုတ်ပြီ .. ကိုသျှား
အစ်မတို့နောက်တော့ ဆက်ဆွေးနွေးတာပေါ့ .. 🙂
By: နတ်သမီး at Feb 17, 2012
Comment #4
အတိတ်မေ့ရောဂါပျောက်ဖို့ ဆေးစားဆေးသောက်ကြသလို
အနာဂတ်မေ့ရောဂါရဖို့ ဘာဆေးသောက်ရင်ကောင်းမလဲ…
ကျွန်တော်လည်းမသိ…ဘူးဗျ
By: အသဲကွဲမိုး at Feb 17, 2012
Comment #5
ကိုသျှား…ကောင်းတယ်ဗျ
ကျန်တာမပြောတော့ဘူး…
By: poem.poem28 at Feb 17, 2012
Comment #8
လက်ကတော့ ထက်မြဲ ထက်ဆဲဘဲဗျနော်
ရှည်ရှည်ဝေးဝေးတွေမပြောတော့ဘူး နောက်ကဗျာသစ်တွေအတွက်လေချန်ထားချင်လို့
အရေးအသားကို ခံစားသွားပါတယ် ။
By: X - ray at Feb 18, 2012
Comment #9
ဝင်ငွေလည်ပတ်စီးဆင်းမှုသင်ခန်းစာကို မကျေညက်လို့
ဘ၀တစ်လျှောက်လုံး အမှန်ခြစ်လေးနဲ့ ဝေးခဲ့ရပါတယ်
By: May Kha at Feb 18, 2012




Comment #1
အထူးပြုလုပ်ချက်တွေမပါတဲ့ယုံကြည်ခြင်းတွေမှာ
ကွာရှင်းစာချုပ်လိုမယ်မထင်ဘူး …
………………………………………………
ကိုသျှားအတွက် အာင်လရဲ့ “တောင်းပန်ပါတယ် … ပေါ့”