Professional Authors

ငါ နင့်ဆီကို…..အရောက်ပြန်လာခဲ့ပါ့မယ်……။ ။

ကြွေကွဲရခြင်းတွေနဲ့ ဒွန်တွဲခဲ့တဲ့အတိတ်ထဲက
နင့်ကို ကယ်တင်ဆွဲထုတ်ပေးခဲ့ပြီး
ငါလိုလူက ထပ်ရက်စက်ရင်
ငါ့ကောင်မလေး နင့်အတွက်
ဘယ်သူတွေက အတွေးတွေ အေးစေတော့မှာလဲ….?

စိတ်မပူပါနဲ့
ငါ နင့်ကို လမ်းမခွဲရက်ပါဘူး
ဘယ်တော့မှလည်း မထားခဲ့ဘူး
နင့်ကမ္ဘာမှာ ငါက သူရဲကောင်းဆိုရင်
နင်က ငါ့အတွက် ထာဝရ နတ်သမီးတစ်ပါးပါ…..။

ဘာလို့ ငိုနေတော့မှာလဲ….?
ငါကိုယ်ချင်းစာပါတယ်….တစ်ဦးတည်းသော အားပေးဖော်….ငါက
နင့်ဘေးနားက ထွက်ခွာခဲ့မှတော့…
ကလေးလေးရယ်
ခံစားချက်တွေ စောင့်မျှော်ခြင်းသို့သာ….ခေတ္တပြောင်းရွှေ့ထားပေးပါ….။

ငါနင့်ကို ပြောမပြတတ်အောင် ချစ်ပါတယ်….
အခက်အခဲတွေအတွက် ငါ ရင်ဆိုင်ပေးပါ့မယ်
ဝမ်းနည်းလွယ်သော မျက်လုံးတွေ
အရောင်ပြောင်းပေးလှည့်ပါနော်…။

မာကြောချင်ယောင်ဆောင်နေတတ်တဲ့ နောက်ကွယ်မှာ
နင်အံတင်းတင်းကြိတ်..မျက်စိတို့စုံမှိတ်စွာနဲ့
ကျိတ်ရှိုတ်နေတတ်ကြောင်း
ငါ့ရင်ဘတ်နဲ့ လှမ်းမြင်နေရတယ်…။

မစိုးရိမ်ပါနဲ့
နင့်ဟာသဥာဏ်စကားဆန်းဆန်းလေးတွေလောက်
ငါ့ကို ဘယ်သူကမှ စိတ်မလှုပ်ရှားစေသလို….
နင့်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေလောက်
ငါ ဘယ်သူ့ကိုမှလည်း ရင်မခုန်တတ်ပါဘူး…။
(ငါ နင့်ကို တကယ်ချစ်တယ်)

နင်ကြားဖူးသော တခြားလူတွေရဲ့သစ္စာဆိုတာနဲ့နှိုင်း
အလွမ်းဒဏ်ရာတွေကို
အရိုင်းဆန်စွာ တန်ဆာမဆင်လိုက်ပါနဲ့
ဒီကကောင်က နင် ငိုမဲ့မဲ့ဖြစ်နေရင်တောင်
ရူးလောက်တယ်…။

ခဏဝေးနေရတာပဲလို့ ဖြေသိမ့်ရင်း
ပြန်ဆုံဖို့ရက်တွေကိုသာ
စောင့်စားနေပေးပါ
နင့် လိုအင်တွေဖြည့်စွက်
ငါ့ရည်မှန်းချက်တွေ အကောင်းဆုံးဖြစ်လာတဲ့တစ်နေ့
ငါကိုယ်တိုင် ငါ့ဘ၀….နင့်ထံသို့ အပိုင်းစားပေးအပ်ပါ့မယ်…။
အပြုအမူတွေနဲ့ ငါ သက်သေပြမှာမို့
မျှော်လင့်နေပေးရခြင်းအား….မငြိုငြင်ပါနဲ့……
ငါ နင့်ဆီကို…..
အရောက်ပြန်လာခဲ့ပါ့မယ်……။     ။

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

မာကြောချင်ယောင်ဆောင်နေတတ်တဲ့ နောက်ကွယ်မှာ
နင်အံတင်းတင်းကြိတ်..မျက်စိတို့စုံမှိတ်စွာနဲ့
ကျိတ်ရှိုတ်နေတတ်ကြောင်း
ငါ့ရင်ဘတ်နဲ့ လှမ်းမြင်နေရတယ်…။

မစိုးရိမ်ပါနဲ့
နင့်ဟာသဥာဏ်စကားဆန်းဆန်းလေးတွေလောက်
ငါ့ကို ဘယ်သူကမှ စိတ်မလှုပ်ရှားစေသလို….
နင့်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေလောက်
ငါ ဘယ်သူ့ကိုမှလည်း ရင်မခုန်တတ်ပါဘူး…။

မင်း ရေ….. သေလို့ရတယ်….။
အရမ်းကြိုက်တာပဲ…..ကျေးဇူး…..အဲလိုကဗျာတွေရေးပေးတဲ့အတွက်
$ $ $ Happy 😛

commentinfo By: ကေသရီ at Oct 10, 2011
Comment #2

ကေ ပြောတာက အရေးအသားတွေနဲ့တင် ဒီက သေလို့ရပြီလို့ပြောတာနော်…..တမျိုးမထင်နဲ့….
နင် စိတ်ကောက်ရင် …ဒီကမ္ဘာက မီးလောင်နေသလိုပဲ သိလားးးးးးးး

commentinfo By: ကေသရီ at Oct 10, 2011
Comment #3

ဟုတ်ပါပြီဗျာ….ဘာပဲဖြစ်ဖြစ်ပါ
သိစေချင်တဲ့သူက ဖတ်မိမှတော့…..
ဘာမှထပ်ပြောစရာရှိတော့ဘူး……..ဒီလိုလေးလည်း တိုက်ဆိုင်ပေးဦးမှပဲ…..:D

commentinfo By: minmyat at Oct 10, 2011
Comment #4

စိတ်မပူပါနဲ့
ငါ နင့်ကို လမ်းမခွဲရက်ပါဘူး
ဘယ်တော့မှလည်း မထားခဲ့ဘူး
နင့်ကမ္ဘာမှာ ငါက သူရဲကောင်းဆိုရင်
နင်က ငါ့အတွက် ထာဝရ နတ်သမီးတစ်ပါးပါ…..။

Ha Ha
Mi K toe
sount ya kyoo nat top mal…:) ^_^
heee heee
K sa tar naw…..sate soe ne’….

commentinfo By: Yu Ya at Oct 10, 2011
Comment #5

ီဒီကကောင်က နင် ငိုမဲ့မဲ့ဖြစ်နေရင်တောင်
ရူးလောက်တယ်…။ တကယ်လားဗျ စာသားတွေကတော့ တကယ်ရူးလောက်တယ် အားပေးသွားတယ် ကိုမင်းမြတ်ဆိုသူရေ ။

commentinfo By: X - ray at Oct 11, 2011
Comment #6

ဘာာာာာာာာာာ…..မိယုယ ညည်းနော်……အဲလို မစ ပါနဲ့
ရွဲ့ပြောလို့ ပြောမှန်းမသိနော်…….သနားပါတယ်….:P

commentinfo By: ကေသရီ at Oct 13, 2011
Comment #7

ကျွန်တော်…အားပေးသွားပါတယ်….

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #8

X-ray ရေ ဟုတ်တယ်ဗျ…..
တကယ် ရူးလောက်တယ်…။
ယုယရေ….အဲ အမိကို သွားမစနဲ့…။

မမိုး အားပေးတာ ကျေးဇူးတင်တယ်ဗျာ.။

commentinfo By: minmyat at Oct 18, 2011
Comment #9

:'(
:'(
:'(
so niceeeeeeeeeeeeee

commentinfo By: ei lay at Sep 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment