Professional Authors

ဟင်းချက်သည် – နရီထက်

ကြမ္မာပြောင်းသာ၊ အမှောင်စိုးကာ
ငါ့ဝန်းကျင်ငယ်၊ ထိုမိန်းမသား
ဆိုက်ရောက်ခါလာ၊ သဒ္ဒါနည်းစကား
မေတ္တာပိုစကား၊ ချိုသပ်လျှို၍
သူငါများအား၊ သား သမီးငယ်
တူမောင်သားချင်း၊ တူမရင်းချာ မှတ်ယုံသွင်းကာ
ကဲစားယုံကြည် ရယူသည်။
ချက်ဟင်းနည်းစုံ၊ တတ်မြောက်ခါထား
ဟန်ချက်လုံးပန်း ၊ ပုံသဏ္ဍန်ရိုက်
ဂိုက်ဆိုဒ်ထုတ်လို့၊ သူဌေးအဖာ
အက္ခရာလူစား ၊ အမြှောက်ကြိုက်လိုက်
စခန်းစတင်ထူသတည်း။
မလိုစကား၊ လက်တို့ထားလို့
ဟင်းတစ်ပန်းပိုလျှံကာပြ၊ အမောင်အမိအတွက်
သည်အမေမှာ၊ အိမ်အမေနှင့်မခြား
အကြင်နာပိုလို့၊ ချကျွေးသည်
စားလေလျှာမြက်၊ တိတ်တိတ်ငြိမ်ကာ
မကြွင်းလေနှင့်၊ အ၀စားကာ သွားနှင့်လေ။
နောက်နည်းတစ်ယောက်၊ ထိုနည်းသုံးပြန်
မတူဟင်းကွဲ၊ အမောင်အမိအတွက်
အကြင်နာပိုကာ၊ ချကျွေးသည်
လျှာရင်းမြက်၊ တိတ်တိတ်ငြိမ်ကာ
မကြွင်းလေနှင့်၊ အ၀စားကာ ပြေးနှင့်လေ။
ရက်တွေကြာညောင်း၊ လတွေထောင်းလို့
စားဖိုဆောင်နောက်၊ ပြသနာရယ် တိုး
ညံညံထွက်လို့၊ နားကွဲမအူ
ဆူပူဂယက်၊ ရှက်စိတ်ဘေးပုံ
အဖျော်ဆရာတစ်လှည့်၊ မုန့်ဟင်းခါးတစ်ချက်
လှည့်ပတ်ဖြစ်လို့၊ ဟင်းချက်သည် မိန်းမအို
ရန်ရှာလေသတည်း။
အကြောင်းမူကား၊ သူဌေးတွက်ချက်
ငါ့ မိန့်မရ၊ အပိုစားသောက် မလုပ်ရ
ချို့ခြံချွေတာ၊ ဟန်ပိုကာပြ
ထမင်းရည်ဆယ်၊ ဆီသွန်းကာချဲ
ကန်စွန်းရယ်ကပ်၊ သားငါးသုံးပို
ဟင်းချက်သည်မ၊ အမယ်အိုသည်
မလွဲကေသာ၊ ပန်သတည်း။
နံနက်ခင်းအလာ၊ ရောင်ခြည်သောက်လည်း
စားဖိုဆောင်သည်၊ နတ်ပြည်တစ်လှည့်
ငရဲတစ်ပြက်၊ ဖြစ်ချေသည်ကာ
ဧည့်သည်ထပြေး၊ တိတ်ဆိတ်ချေ၍
နောက်များမလာ၊ နားကိုင်ကာလေ
ထွက်ပြေးဝေးလည်း၊
ဒီဆိုင်သည်၊ နံနက်ခင်းတိုင်
ငရဲပန်းကို ပန်ချေသည်။
ဆီပြန်ဟင်းလျာ၊ တည်ခင်းစရာ
ရောင်တွေစုံဖြာ၊ အပိုပေးလည်း
အကျွန်ုပ်မမက်၊ နားခါစကား
ကြားဖန်များ၍၊ ထိုအမယ်အိုအား
ဝေးခါရှောင်ဖယ် နေလာသည်။
ကုန်းချောစကား၊ အပျော့ဆွဲလို့
မမြင်သူဌေး၊ ထူပြောတိုင်တန်း
မဟုတ်စကားများနှင့်၊ ထိုအမယ်အိုသည်
အသက်ကယ်ဆေးထိုးပေးအလား၊ နားတော်ဆက်သည်
တဆင့်ကြားပြန်၊ မဟုတ်မမှန်
အများသူကာ၊ ရွံ့ရှာမုန်းရေး
ထိုအမယ်အိုကာ၊ မဆိုစကား အသာငြိမ်လို့
မပတ်ကိစ္စ၊ ဝေးကာနေ ရှောင်ကြသည်
စားဖိုမှုးမပီ၊ ဂုဏ်တပ်မမှီ
အကျွန်ုပ်သည်၊ ထိုအမယ်အိုအား
ဟင်းချက်သည်လို့ တွင်စေသတည်း။    ။

နရီထက်
( ၂၄ ၊ ဒီဇင်ဘာလ ၊ ၂၀၁၁ )

( ကျွန်တော် အလုပ်နေရတဲ့ မလေးရှားနိုင်ငံပတ်ဝန်းကျင် မြန်မာဆိုင်မှာ တွေ့ခဲ့တဲ့ ဟင်းချက်မိန်းမကြီး တစ်ယောက်အကြောင်းပါ။ အလုပ်လာလုပ်ကြတဲ့ လူငယ်တွေကို ရှေ့မှာ သား ၊ သမီးခေါ်ပြီး နောက်ကွယ်မှာ သွေးခွဲတတ်တဲ့ အကျင့်ရှိတာကို အချိန်က စကားပြောမှ သိလာရလို့ပါ၊ ပထမပိုင်းကတော့ မြန်မာပြည်နှင့် ဝေး အိမ်နှင့် ဝေးလို့ ကိုယ့်ရဲ့ အဒေါ်၊ ကိုယ့်အမေတစ်ယောက်လို့ သားသမီးတွေကို ကြင်နာစိတ်အပြည့်နှင့် စေတနာထားပြီး ချက်ကျွေးတယ်လို့ ထင်ခဲ့တယ်လေး။ ဆိုးတဲ့ အကျင့်တစ်ခုကတော့ ဟင်းတွေကို ပုံစံအမျိုးအမျိုးချက်ပြီ့း တစ်ယောက်ကို တစ်မျိုး ၊ တစ်ယောက်နှင့်တစ်ယောက် မသိအောင် ချက်ကျွေးတတ်တယ်။ တစ်ယောက်နှင့်တစ်ယောက် သိတော့ လူဆိုတဲ့ သဘာဝ သူကိုကျတော့ အကောင်းကျွေးတယ် ၊ ငါကိုကျတော့ မကောင်းတာ ကျကျွေးတယ် ဖြစ်လာတယ်။ ဟင်းတစ်ပွဲ ၊ တစ်ပန်းကန်ကြောင့် လူငယ်တွေရဲ့ စိတ်က သွေးခွဲလာကြတယ်။ အလုပ်လုပ်တဲ့အခါ ညီညွတ်မှုကို ပျက်ပြားစေလာတယ်။ သူဌေးကလည်း ဆိုင်ကို အမြဲ တမ်း မလာနိုင်တော့ သူ့ပြောသမျှကို အဟုတ်မှတ်ရမလို့ ဖြစ်နေတဲ့ ပုံစံကြီးမျိုးလား။ ဘာပဲဖြစ်ဖြစ်လေး ကျွန်တော်က ကိုယ့် သင်ခဲ့သမျှ ပညာလေးနှင့် ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးကို မျှဝေပေးချင်လို့ပါ။ )

In: ကဗျာ Posted By: Date: Dec 24, 2011
Comment #1

အရမ်းကြိုက်တယ် အရေးအသား အာဘော်လျှာဘော် ကောင်းတယ်။ရေးထားတာ မိုက်တယ်နော်။အဲ့ ဒါတကယ်အဖြစ်အပျက် ကဗျာလေးပါ. အားပေးသွားတယ် အစ အဆုံးကြိုက်တယ်။

commentinfo By: thuya at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment