Professional Authors

တမာယောင်းမကြောင့် ပျက်ရတဲ့ ဟင်းချိုချိုများ

ပန်းတပွင့်ရဲ့ အလှအကြောင်း
ပန်းရောင်းသူက ပြောပြတယ်
ခင်ဗျားလည်း သိမှာပါ
တခုခု လွဲနေတယ်ဆိုတာ

ကျေးဇူးပြုပြီး
ဘာသာပြန်မပေးပါနဲ့
ပွဲစားလုပ်မပေးပါနဲ့
( အထူးသဖြင့် )
နှမ်းလာဖြူးမပေးပါနဲ့

ဒုတိယဘုရားသခင်အတွက်
ဥယျာဉ်မှူးရဲ့လက်ကို မခံစားဖူးဘဲ
မုသားနဲ့ လေယပ်တဲ့ အသံ
ယောင်းမစော် နံတယ်

အသက်ရှည်ချင်လို့ အပင်စိုက်ခါမှ
အသက်တိုရတဲ့ အဖြစ်
စွန့်လွှတ်ဖူးရင် သိမယ်

ကိုယ်စိုက်တဲ့ အတိုင်း ကိုယ်ရိတ်သိမ်းရပေမဲ့
ကိုယ်ရိတ်သိမ်းတဲ့အတိုင်း ကိုယ်မပိုင်တော့
ခေါင်းမမော့နိုင်တဲ့ ဥယျာဉ်မှူးတွေ
ငတေရဲ့လက်မှာ ပေဖြစ်နေရတယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jul 21, 2010
Comment #1

စကားလုံးတွေနဲ့ပစ်ပေါက်ပြီး ရွာမှာသရဲလာခြောက်တဲ့ လူဆိုးကြီး .. မိုက်တယ် (မလိမ္မာဘူး)

commentinfo By: သက်ထွေး at Jul 21, 2010
Comment #2

အနက်ရောင် အရိပ်က နွယ်စဉ်
အဖြူရောင် အရိပ်က ဝိဥာဉ်
ခင်ဗျား ဘာအရောင် ဖြစ်ချင်လဲ

commentinfo By: ChIr0N at Jul 21, 2010
Comment #3

ဟားဟား … နွယ်စဉ်တော့မလုပ်ဘူးဗျာ .. ဝိဥာဉ် ပဲ လုပ်မယ်။ အနည်းအကျဉ်းတော့ လျှောက်သွားလို့ရတာပေါ့

commentinfo By: သက်ထွေး at Jul 21, 2010
Comment #4

စားတယ်ဗျာ…

commentinfo By: ဇွန် at Jul 21, 2010
Comment #5

ကဗျာကောင်းလေးကို..လာအားကျသွားတယ်..။။

commentinfo By: အမရာ at Jul 21, 2010
Comment #6

ပန်းတပွင့်ရဲ့ အလှအကြောင်း
ပန်းရောင်းသူက ပြောပြတယ်
ခင်ဗျားလည်း သိမှာပါ
တခုခု လွဲနေတယ်ဆိုတာ

ဟုတ်ကဲ့.. သိပါတယ်..
တစ်ခုခုတော့ လွဲနေတယ်ဆိုတာာာာ..

commentinfo By: ဖြိုးဖြိုး at Jul 29, 2010
Comment #7

ကဗျာလေးကို ကြိုက်တယ်

commentinfo By: Deborah at Mar 8, 2013
Comment #8

ကိုယ်စိုက်တဲ့ အတိုင်း ကိုယ်ရိတ်သိမ်းရပေမဲ့
ကိုယ်ရိတ်သိမ်းတဲ့အတိုင်း ကိုယ်မပိုင်တော့
ခေါင်းမမော့နိုင်တဲ့ ဥယျာဉ်မှူးတွေ
ငတေရဲ့လက်မှာ ပေဖြစ်နေရတယ်။

(ကြိုက်တယ် ဗျာ) xxxxx

commentinfo By: 13th at Apr 5, 2013
Comment #9

အရမ်းမိုက်တယ်

commentinfo By: အောင်မော်ဟိန်း at Apr 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment