Professional Authors

မျှော်တော်ယောင်ကောင်းကင်

တောင်ပံကတော့ ဖြန့်ထားတာပဲ
ဇူလိုင်ကတော့ ရောက်မလာသေးဘူး။

သစ်ရွက်ကလေးယုံအောင်
ကျွန်တော် ဘယ်လိုကြွေပြရမလဲ…နွေရယ်
လွဲဖူးခဲ့တဲ့ ၂၄ နာရီတွေထဲ
တောင်ပံပါတော့…
တစ်ကိုင်းထဲနားချင်ခဲ့ဖူးတာပဲ။

ယုံပါတော့ သစ်ရွက်ကလေးရယ်
အလင်းလည်းမဟုတ်
အမှောင်ယောင်ဆောင်ထားတဲ့
(ငါ) ခပ်ကြောင်ကြောင်တေလေက
ညနေခင်းလေးကုန်သွားမှာကိုလည်း
ကြောက်ဖူးသူပေါ့။
 

စကားလေးနှစ်ခွန်းကို
ပန်းနုရောင်တံတားထိုးပြီး
နားထောင်သွားတဲ့ကောင်းကင်
(အသက်ရှူတောင်မှားလို့)
အနာပေါ်လည်း နွေကျပြီမေမေ။

နောက်ဆုံး…
ဇူလိုင်ကို မိုးစာကျွေးဖို့များ
(ကျွန်တော့်ဘက်) နဂါးဦးခေါင်းလှည့်ခဲ့လေရော့လား
နွေနှောင်းသစ်ရွက်လေးရယ်
သူ့မှာလည်းသူ့ တိမ်တိုက်တွေနဲ့
ကျွန်တော့်မှာလည်း ကျွန်တော့် မျှော်လင့်ချက်တစ်ချို့နဲ့ကြောင့်မို့
ကျွန်တော်လွမ်းနေတာလေး
သူမ…
သိသွားမှဖြင့်။
 

နေပိုင်

In: ကဗျာ Posted By: Date: Dec 20, 2011
Comment #1

စကားလေးနှစ်ခွန်းကို
ပန်းနုရောင်တံတားထိုးပြီး
နားထောင်သွားတဲ့ကောင်းကင်
(အသက်ရှူတောင်မှားလို့)
အနာပေါ်လည်း နွေကျပြီမေမေ။

မိုက်တယ်..ဗျ ကိုနေပိုင်..ရေးတဲ့ပုံစံကြိုက်တယ်..။

commentinfo By: terry at Dec 20, 2011
Comment #2

i like both title & poem.

commentinfo By: ei lay at Dec 20, 2011
Comment #3

ရေးတဲ့ပုံစံ မိုက်တယ်.အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment