Professional Authors

ဆောင်း၏အလွမ်း

ဆောင်း၏အလွမ်း

မြောက်ကျွန်းဝယ် လေညင်းပြန်မာန်တော့…..
ကဲရှာတဲ့ အအေးဒါဏ်
သစ်ရွက်ကိုခြွေ ခြောက်လို့ပင်ကြွေလေရော့။
စိမ်းမြက်တို့ဖြူကာ ရှဥ့်ငယ်တို့ဆိတ်သုဉ်း။

ကျရှာတဲ့သူ့မျက်ရည် ခဲ၍ပင်နှင်းပွင့်မည်သည်ပ။

သူတစ်ကာမုန်းသည်ခံ၍
လောကမှာဘယ်သူအေးချင်လိမ့်။

သူ့မှာလည်းသူ့အလှ
ဂုဏ်ယှဉ်ပြိုင် နိုင်ချင်ရှာမှာပေါ့။

မြူဝေဝေကောင်းကင်ပြာ ငွေကြယ်အောက်ဆီက
ဪ….. ဒီဆောင်း၏အလွမ်း။   ။

မောင်ပိုင်

 

In: ကဗျာ Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment