မှော်ဆန်တဲ့မာယာတွေနဲ့ တရားသေလှနေတဲ့….မြို့ (terry)
စိတ်ကူးစိတ်သန်းတွေ
ကျန်းမာအောင်တော့
အတွေးတစ်ခွက်
မနက်တိုင်းသောက်ဖြစ်တယ်။
ကိုယ်ကိုယ်တိုင်…
မဆန်းပြားသေးသ၍တော့
ကံကြမ္မာက….ရိုးသားပါတယ်။
မဆုံးဖြတ်ခင်မှာပဲ
စဉ်းစားတယ်………။
အဲ့ဒီအချက်ကြောင့်လား…
နောင်တမဟုတ်ပေမယ့်
အိပ်ကပ်ထဲပြည့်ပြည့်လာတယ်။
ချစ်ခြင်းမေတ္တာ….
သံယောဇဉ်တွေနဲ့ 
ကိုယ့်ကိုကိုယ်…
အက်မှန်းမသိ……အက်လာတယ်။
တစ်ချိန်က
ကြွေးကြော်ခဲ့တဲ့ကောင်
ခုချိန်ထိ
ဘ၀က….
ကြွေပြားမခင်းရသေးဘူး………..။
လူတွေကလည်းတော်ပါတယ်….
ကာလ၊ဒေသ၊ပယောဂကိုလိုက်ပြီး
လူတစ်ယောက်ကို…ကြည့်တတ်တယ်။
ဟန်ဆောင်တယ်လို့ ထင်တာ
ငါမှားတာပေါ့………
သူတို့ က
ဝမ်းကြာတိုက်ကတည်းက
မျက်နှာဖုံးပိုက်ပြီးမွေးလာတာ…….။
အဲ့ဒီမြို့ မှာ………….
အက်ကြောင်းကွဲစွပ်စွဲချက်တွေနဲ့ 
စိတ်ကိုအကြိမ်ကြိမ်ပစ်သတ်နေတဲ့သူတွေ…….
အပေါ်ယံရပိုင်ခွင့်ကိုကြည့်ပြီး
ရင်းနှီးစွာပြုံးပြတတ်တဲ့သူတွေ………..
တစ်စုံတစ်ခုအတွက်
မျှော်လင့်ချက်ထားပြီးမှပေးတတ်သူတွေ….ရှိတယ်။
အဲ့ဒီမြို့ မှာ………………..
ညီမျှခြင်းလောက်မှမခံရင်
ကွင်းဘေးကန်ထုတ်တဲ့သူတွေ……
ငွေရေးကြေးရေးသုတေသနအတွက်
နိမ့်ပါးခြင်းကိုပဲပစ်ကွင်းရွေးနေကြတဲ့သူတွေ………..
တရားသေအတ္တအတွက်
ကိုယ့်အိတ်ထဲကိုယ်ဖိတ်နေတဲ့
ပကာသနမျိုးနွယ်ဝင်တွေသူတွေ….နေတယ်။
ငါ့ရာသီတွေရင့်ကျက်လာတယ်။
ဒီမြို့ရဲ့တိုင်းတာချက်ကြောင့်ပဲ
ငုတ်နေတဲ့မာနတွေလှိုင်းထလာတယ်။
ဒီမြို့ကြောင့်ပဲ…………..
အရာရာတိုင်းအတွက်
ကြံဖန်ပြီးလည်း
ကျေးဇူးတင်တတ်လာတယ်………..။
လူကြိုက်များတဲ့
ရာသီလိုက်နွေးထွေးခြင်းတွေကိုလည်း
မတပ်မက်ပါဘူး……….
စိတ်ဓါတ်နဲ့ ကိုယ်ကျင့်တရား
ဖြူညစ်ညစ်ရောင်
ခြုံထည်လေးတစ်စောင်ကိုပဲ
မြဲအောင်ခြုံထားပါတယ်…..။
မမြင်တွေ့ လိုတော့တဲ့
ခံစားမှု့ကိုလည်း
စုံမှိတ်ပစ်လိုက်တယ်…….
မကြားနာလိုတော့တဲ့
ရေပေါ်ဆီတရားတွေကိုလည်း
ထိုင်ဟားပစ်လိုက်တယ်………
မပြောလိုတော့တဲ့
နာကျည်းခြင်းစကားတွေကိုလည်း
ဥပေက္ခာကြားမှာ….
ပိတ်ကား ချ….ပစ်…….လိုက်……တယ်……….။
                                                                     terry(17.6.2011)3:30am
                                                                                 [email protected]
Comment #3
ရေးတဲ့ကဗျာတိုင်းကို ကောင်းလွန်းပါရဲ့ ဗျာ လေးစားပါတယ်
 By: မိုးသစ်လေပြေ at Jun 19, 2011
                        By: မိုးသစ်လေပြေ at Jun 19, 2011
                    Comment #5
မပြောလိုတော့တဲ့
နာကျည်းခြင်းစကားတွေကိုလည်း
ဥပေက္ခာကြားမှာ….
ပိတ်ကား ချ….ပစ်…….လိုက်……တယ်……….။
 By: poem.poem28 at Jun 20, 2011
                        By: poem.poem28 at Jun 20, 2011
                    Comment #10
စုနိုင်ရေ…အားပေးတာကျေးဇူးအထူးတင်ပါတယ်……
wxad …….အဲ့ဒီအသံလေးတွေကဆက်ရေးနိုင်ဖို့ အားဆေးပါ….
အားလုံးအတွက်…….ဆက်လက်ကြိုးစားပါမယ်…..။ 🙂
 By: terry at Jun 28, 2011
                        By: terry at Jun 28, 2011
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login
Comment #1
ဒီဲမြို့ ရဲ့စံနှုန်းတွေကြောင့်ပဲ
ငါ့ရာသီတွေရင့်ကျက်လာတယ်။
ဒီမြို့ရဲ့တိုင်းတာချက်ကြောင့်ပဲ
ငုတ်နေတဲ့မာနတွေလှိုင်းထလာတယ်။
ဒီမြို့ကြောင့်ပဲ…………..
အရာရာတိုင်းအတွက်
ကြံဖန်ပြီးလည်း
ကျေးဇူးတင်တတ်လာတယ်………..။
ကဗျာတွေရေးတာ တော်တော်ကောင်းတဲ့ကို terry ရေ …….
အဲဒိ့မြို့မှာရဲ့ အားလုံးသော အကြောင်းတွေကို ကျော်ဖြတ်နိုင်ပါစေ