Professional Authors

“သင်ခန်းစာ ၁”

ငါမသိခဲ့ ဘူး လှပတဲ့ မနက်ခင်းမှာလည်း မိုးချုပ်ချိန်ရှိလိမ့်မယ်ဆိုတာ

ငါမသိခဲ့ ဘူး မင်းနဲ့ လက်တွဲပြီးပျော်နေချိန်မှာ အေးစက်စက် လမ်းခွဲချိန် ဆိုတာကို

ငါမသိခဲ့ ဘူးမင်းအတွက်တော့ ဘယ်အရွယ်၊ ဘယ်သက္ကရာဇ် ကတည်းက

တိမ်တိုက်တွေနဲ့ စကားပြော၊အချစ်နဲ့   ကစားတတ်တယ်ဆိုတာ

ငါ့အတွက်တော့ လူ့ သက်တမ်း ၂၀ ရောက်မှ လူပြောများလို့ သိခဲ့  တာ………

ခွေးကြီးမှ လက်ပေးသင်သလိုပဲ

မကစားတတ်တဲ့ ငါ့ နှလုံးသား မင်းတို့ကြိုးဝိုင်းထဲ အလည်မခေါ်ပါနဲ့ ကွာ

ပွဲမကောင်းလို့ တစ်ဖက်သက်ကြီးဖြစ်နေရင် မင်းကိုအားပေးတဲ့လူတွေ လျော့ကုန်ပါ့မယ်။

မင်းကိုတပ်မက်တဲ့စိတ်ကြောင့် ငါရူးသွပ်ခဲ့တာမဟုတ်ဘူး

တစ်ကယ်တော့ ငါဟာရူးသွပ်စွာနဲ့ မင်းတပ်ကိုမက်ခဲ့တာ………..

နင်လိုရာသုံးတဲ့ငါ နင်အတွက်တော့ ရေပွက်တစ်ခုပဲဆိုတာသိလိုက်ရချိန်ဟာ 

အေးစက်စက် ဆောင်းညနေမှာ နင့်အတွက်နွေးထွေးတဲ့ လက်တစ်စုံ ရှိနေပြီးသားကာလနဲ့ 

မထူးဆန်းစွာ တိုက်ဆိုင်ခဲ့ပါတယ်ကွာ။

ငါ့ခေါင်းထဲက အလွမ်း ငြင်းဆန်ထုတ်လိုက်ချင်တယ်

ငါသိတာပေါ့ အဲ့ဒီ့ကောင်ဘယ်လောက်ဆိုးလည်းဆိုတာ

ခုပဲကြည့်  နင့်အကြောင်းတွေးရုံနဲ့ ငါ့ရင် ဘယ်ဘက်အခြမ်း အလုပ်မလုပ်တော့ဘူး။ 

In: ကဗျာ Posted By: Date: Dec 14, 2011
Comment #1

ခုပဲကြည့်  နင့်အကြောင်းတွေးရုံနဲ့ ငါ့ရင် ဘယ်ဘက်အခြမ်း အလုပ်မလုပ်တော့ဘူး။

commentinfo By: အသဲကွဲမိုး at Dec 14, 2011
Comment #2

မကစားတတ်တဲ့ ငါ့ နှလုံးသား မင်းတို့ကြိုးဝိုင်းထဲ အလည်မခေါ်ပါနဲ့ ကွာ

ပွဲမကောင်းလို့ တစ်ဖက်သက်ကြီးဖြစ်နေရင် မင်းကိုအားပေးတဲ့လူတွေ လျော့ကုန်ပါ့မယ်။
ကောင်းလိုက်တာဗျာ…ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 14, 2011
Comment #3

ငါမသိခဲ့ ဘူး လှပတဲ့ မနက်ခင်းမှာလည်း မိုးချုပ်ချိန်ရှိလိမ့်မယ်ဆိုတာ
ငါမသိခဲ့ ဘူး မင်းနဲ့ လက်တွဲပြီးပျော်နေချိန်မှာ အေးစက်စက် လမ်းခွဲချိန် ဆိုတာကို
ငါမသိခဲ့ ဘူးမင်းအတွက်တော့ ဘယ်အရွယ်၊ ဘယ်သက္ကရာဇ် ကတည်းက တိမ်တိုက်တွေနဲ့ စကားပြော၊အချစ်နဲ့  ကစားတတ်တယ်ဆိုတာ
ငါသိတာပေါ့ အဲ့ဒီ့ကောင်ဘယ်လောက်ဆိုးလည်းဆိုတာ
ခုပဲကြည့်  နင့်အကြောင်းတွေးရုံနဲ့ ငါ့ရင် ဘယ်ဘက်အခြမ်း အလုပ်မလုပ်တော့ဘူး။
ကောင်းလိုက်တဲ့ကဗျာလေးပါ ကိုဝေဖြိုးအောင်ရေ ။ လာအားပေးသွားတယ်ဗျို့။

commentinfo By: ကတုံးလေး at Dec 15, 2011
Comment #4

Thanks ya all…….

commentinfo By: Wai Phyo Aung at Dec 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment